Healthy Life Ad
Health Tips

လွယ်လင့်တကူ ကုသနိုင်သည့် နည်းလမ်းကောင်းများ

၊ လရိပ်မေ ၊

အိပ်မပျော်တာ၊ ခေါင်းကိုက်တာ စတဲ့ ဝေဒနာတွေကို အလွယ်ဖြေရှင်းနိုင်မယ့်နည်းတွေရှိပါတယ်။

– အအေးမိချင်သလိုလို ဖြစ်နေသလား
အအေးမိဝေဒနာ ခံစားနေရရင် ကြက်စွပ် ပြုတ်တစ်ခွက် စားသောက်ပါ။ လေ့လာမှုအရ ကြက်စွပ်ပြုတ်မှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ရှိပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန်နိုင်စွမ်း ရှိတာကြောင့် အအေးမိဝေဒနာကို သက်သာစေကြောင်း သိရပါတယ်။

– စွမ်းအင်တိုးဖို့ လိုနေသလား
စွမ်းအင်တိုးစေတဲ့ လက်ဖက်စိမ်း လက်ဖက်ရည်ကို သောက်သုံးလိုက်ပါ။ ဆော်ဒါအချိုရည်နဲ့ စွမ်းအားဖြည့်ဖျော်ရည်တွေကို ရှောင်ရပါမယ်။ နေ့ခင်းဘက်မှာ ထိုင်းမှိုင်းနေရင် နေခြည်နုနုထဲမှာ အချိန် ၁၀ မိနစ်ခန့်နေလိုက်ပါ။ ဒါဆိုရင်အိပ်မောကျစေတဲ့ မယ်လတိုနင်ဓာတ်ထွက်ရှိမှုကို ချိုးနှိမ် ထားနိုင်ပါတယ်။

– အိပ်မပျော်ဘူးလား
အိပ်ရာထဲမှာ လှဲလျောင်းနေပေမယ့် ပင်ပန်းနွမ်းနယ်ပြီး အိပ်မပျော်ဖြစ်နေသလား။ စွမ်းအင်ယုတ်လျော့ပြီး အာရုံစူးစိုက်မှု မကောင်းတော့လို့ အိပ်ရေးဝ၀ အိပ်စက်အနားယူဖို့ လိုအပ်နေပေမယ့် ဘယ်လိုမှ အိပ်မပျော်နိုင်ဖြစ်နေသလား။ ရေတိုအိပ်မပျော်တဲ့ ဝေဒနာအတွက် မယ်လတိုနင် တစ်မီလီဂရမ်ကို မှီဝဲပေးနိုင်ပါတယ်။ အိပ်ရာ မဝင်ခင် အနည်းဆုံးနှစ်နာရီအလိုမှာ မယ်လတို နင်ဆေးကိုမှီဝဲရင် အစာအိမ်ကနေ ဦးနှောက် ဆီကို ဆေးရောက်ရှိသွားကာ အိပ်ရာဝင်ချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေနိုင်ပါတယ်။

– ဝမ်းချုပ်နေသလား
အမျှင်ဓာတ်ဟာ ဝမ်းမှန်မှန်သွားစေပါတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ ပဲတွေလို အမျှင်ဓာတ်များတဲ့ အစာတွေကို ပုံမှန်စားတာကြောင့် အမျှင်ဓာတ်ကို အလုံအလောက်ရရှိစေကာ ဝမ်းမှန်မှန်သွားစေပါတယ်။

– ဗိုက်မဆာဘဲ စားချင်စိတ်ဖြစ်ပေါ်နေသလား
စားချင်စဖွယ်ပြင်ဆင်ထားတဲ့ အစာတွေကြောင့် ဗိုက်မဆာပေမယ့် အစာစားချင်စိတ်ဖြစ် ပေါ်နေရင် ချောကလက် လေးထောင့်တစ်ကွက်စာ ပမာဏကို အရင်ဆုံးစားလိုက်ပါ။ ကိုကိုး ၇၀ရာ ခိုင်နှုန်းပါဝင်မှုကြောင့် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။

– ခေါင်းကိုက်နေသလား
ခေါင်းကိုက်နေရင် အိုင်ဗျူပရိုဖန်ဒါမှမဟုတ် အက်စ်ပရင်ဆေးတို့လို ရောင်ရမ်းမှု လျော့ကျစေတဲ့ ဆေးတွေကိုမှီဝဲနိုင်ပါတယ်။ အိုင်ဗျူပရိုဖန်ဆေးဟာ ခေါင်းကိုက်ဝေဒနာကို မြန်မြန်သက်သာစေပါတယ်။ ပါရာစီတမောက ဖျားနာမှုကို လျော့ ကျစေသလို မအီမသာဝေဒနာကို သက်သာစေပါတယ်။

– ခါးနာနေသလား
လတ်တလောထိခိုက်မှုကြောင့် ခါးနာနေရင် ရေခဲဝတ်ကပ်တာ၊ အေးမြစေတဲ့ မန်သော်ပါ ပရုတ်ဆီ လိမ်းတာတို့ လုပ်ပါ။ နောက်ပိုင်းမှာ ခါးနာနေရင်တော့ ဃဈေငခကာ ပါတဲ့ ပရုတ်ဆီကို လိမ်းနိုင်ပါတယ်။

(Ref; womens)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top