Healthy Life Ad
Life Style

လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ အိမ်ထောင်မှုသုခပြည့်ဝစေသော အကျိုးကျေးဇူးများ

၊ ကိုထက် ၊

လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ကိုယ်အလေးချိန်ကျစေတယ်၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းစေတယ်၊ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေတယ် စသဖြင့် အကျိုးကျေးဇူး အများကြီးရှိပါတယ်။ အခုဖော်ပြမယ့် အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာက အိမ်ထောင်မှုသုခရရှိဖို့ ဘယ်လိုအထောက်အပံ့ပေးတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

– လေ့ကျင့်ခန်းနှင့် သက်လုံကောင်းခြင်း
လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးနဲ့အဆုတ်ရဲ့စွမ်းဆောင်ရည်နဲ့ ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေကို သက်လုံပိုမိုကောင်းမွန်စေပါတယ်။

– ကြံ့ခိုင်သန်စွမ်းမှု ပိုရှိလေလေ၊ ဆွဲဆောင်အား ပိုကောင်းလေလေ
လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်တာကြောင့် သင့်အနေနဲ့ ပိုမိုကြံ့ခိုင်သန်စွမ်းမှုရှိလာပြီး ခန္ဓာကိုယ် အချိုးအစားကလည်း ပိုမိုကြည့်ကောင်းလာတာကို လက်တွေ့ခံစားရမှာပါ။ သင်ရဲ့အိမ်ထောင်ဖက်အနေနဲ့လည်း သင်ကပိုမိုကြည့်ကောင်းလာပြီး ဆွဲဆောင်မှုပိုရှိလာတာကို သတိပြုမိလာပါတယ်။

– လေ့ကျင့်ခန်းနှင့် စွမ်းအင်အဆင့်
ပုံမှန်လေ့ကျင့်လုပ်တာကြောင့် စွမ်းအင်အဆင့်ကို မြင့်တက်စေနိုင်ပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ခံစားချက်ကောင်းမွန်စေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းအဆင့်တွေ မြင့်တက်လာပြီး စွမ်းအင်တိုးစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများပြီး ပင်ပန်းရတဲ့နေ့ရက်တွေမှာ ခံနိုင်ရည်ရှိပြီး စွမ်းအင်အဆင့်က မြင့်တက်နေတတ်ပါတယ်။

– လေ့ကျင့်ခန်းနှင့် သွေးလှည့်ပတ်မှုကောင်းမွန်ခြင်း
လေ့ကျင့်ခန်းလုပ်တာကြောင့် အိမ်ထောင်ရှင်အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ မျိုးဆက်ပွားအင်္ဂါတွေကို ကျန်းမာစေပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်းလုပ်တာက သွေးကြောတွေနဲ့ နာ့ဗ်ကြောတွေကို သွေးထောက်ပံ့မှုပိုကောင်းလို့ပါ။ မျိုးဆက်ပွားအင်္ဂါတွေဆီ သွေးလှည့်ပတ်မှုကောင်းမွန်တာက စွမ်းဆောင်အား ပိုကောင်းစေပါတယ်။

– လေ့ကျင့်ခန်းနှင့် ပန်းသေပန်းညှိုးရောဂါ
ပန်းသေပန်းညှိုးရောဂါက သွေးလှည့်ပတ်မှု မကောင်းတာကြောင့် အဓိကဖြစ်တဲ့ ပန်းသေပန်းညှိုးရောဂါကို သက်သာစေပါတယ်။

– လေ့ကျင့်ခန်းနှင့် စိတ်ဖိစီးမှုအဆင့်
လေ့ကျင့်ခန်းလုပ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းအထွက်များပြီး စိတ်ဖိစီးမှုကို တွန်းလှန်နိုင်စွမ်းရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top