Healthy Life Ad
Q & A

ကျောက်ကပ်လှူထားသူတို့အတွက် နေထိုင်စားသောက်မှုပုံစံ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

မေး ။ ကျောက်ကပ်တစ်ဖက် လှူထားပါတယ်။ အဲဒီအတွက် ကျန်တဲ့ သက်တမ်းမှာ ကျန်းမာရေး မထိခိုက် အောင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ။
ဖြေ ။ ကျောက်ကပ်တစ်ဖက်လှူထားပေမယ့် ကျန်တဲ့ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာက ကောင်းမွန် နေရင် ဘာမှ မဖြစ်ပါဘူး။ ကျောက်ကပ်တစ်ဖက်တည်းနဲ့လည်း အသက်ရှည်ရှည်နေရပါတယ်။ အဓိက လိုက်နာသင့်တာတွေက-

ဆားများများ မစားသင့်ပါဘူး။

ဆီးချိုရောဂါမဖြစ်အောင် ဂရုစိုက်ရပါမယ်။

သွေးတိုးရောဂါမဖြစ်အောင် ဂရုစိုက်ရပါမယ်။

အသားအများကြီး မစားရပါဘူး။

အရက်မသောက်ရပါဘူး။

ဆေးလိပ်မသောက်ရပါဘူး။

အရည်ရွှမ်းတဲ့ သစ်သီးတွေ စားပေးရပါမယ်။ လိမ္မော်သီး၊ ရှောက်သီး စတာတွေကို စားပေးနိုင်ပါတယ်။

ကျောက်ကပ်တစ်ဖက်က ကောင်းနေပေမယ့်လည်း ဘာကိုမှ လွန်လွန်ကြူးကြူးမစားသောက်သင့်ပါဘူး။ တကယ့်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပုံမှန်နေထိုင်သွားမယ်ဆိုရင် လူ့သက်တမ်းစေ့ ကျန်းကျန်းမာမာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top