Healthy Life Ad
International

အသက် ၇၀ မပြည့်မီ အမျိုးသားကိုးဦးတွင် တစ်ဦးက ရုတ်တရက်နှလုံးအမောဖောက်ကာ သေဆုံးနေ

၊ မိုးမင်းထွန်း ၊

နှစ်စဉ် လူထောင်ပေါင်းများစွာဟာ ရုတ်တရက် နှလုံးအမောဖောက်တာကြောင့် သေဆုံးနေကြပါတယ်။ သေဆုံးသူတွေမှာ နှလုံးရောဂါမရှိသူတွေပါ ပါဝင်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှ လေ့လာမှုတစ်ခုအရ အမျိုးသား ၉ ယောက်မှာ ၁ ယောက်၊ အမျိုးသမီး အယောက် ၃၀မှာ တစ်ယောက်နှုန်းဟာ အသက် ၇၀မပြည့်မီမှာ ရုတ်တရက်နှလုံးအမောဖောက်တာကြောင့် သေဆုံးနေကြပါတယ်။ ဦးဆောင်သုတေသီ ဒေါက်တာလွိုက်ဂျုန်းစ်အဆိုအရ ကိန်းဂဏန်းတွေက သတိပြုရမယ့်ပမာဏဖြစ်နေပြီး လူတွေက ဒီအကြောင်းနဲ့ပတ်သက်ပြီး သတိမပြုတာ အံ့သြစရာပါလို့ပြောပါတယ်။

အူမကြီးကင်ဆာကြောင့် လူ ၂၁ ယောက်မှာ တစ်ယောက်လောက်သာ သေဆုံးနေကြပေမယ့် အမေရိကန်ပြည်ထောင်စုမှာ အသက် ၅၀ကျော်လူတိုင်း အူမကြီးကင်ဆာ စစ်ဆေးမှုခံယူကြပါတယ်။ အမျိုးသား ၉ယောက်မှာ ၁ ယောက် သေဆုံးစေတဲ့ နှလုံးအမောဖောက်တာနဲ့ပတ်သက်ပြီး သတိပြုတာနည်းပါးကြောင်း သူကပြောပါတယ်။ ဒေါက်တာလွိုက်နဲ့ သူ့အဖွဲ့ဟာ အမျိုးသား ၅၂၀ဝနဲ့ အသက် ၂၈မှ ၆၂ နှစ်အရွယ် အမျိုးသမီးတွေရဲ့ အချက်အလက်တွေကို စစ်ဆေးခဲ့ကြပါတယ်။ သွေးဖိအား၊ ကိုလက်စထရောပမာဏ၊ ဆေးလိပ်သောက်တာ၊ ဆီးချိုရှိတာစတဲ့ အချက်တွေကို တိုင်းတာတွက်ချက်ကာ ရုတ်တရက် နှလုံးအမောဖောက်နိုင်တဲ့ အန္တရာယ်ကိုခန့်မှန်းခဲ့ကြတာပါ။

အမျိုးသားတွေက အမျိုးသမီးတွေထက် ဖြစ်နိုင်ခြေပိုများပြီး သွေးတိုးတာနဲ့ တခြားနှလုံးပြဿနာရှိသူတွေမှာ ရာခိုင်နှုန်းပိုမြင့်မားကြောင်း တွေ့ရှိခဲ့ပါတယ်။ ရုတ်တရက်သေဆုံးမှုက မိသားစုကို ကြီးမားတဲ့စိတ်ဖိစီးမှုဖြစ်ပွားစေပြီး ဒီတွေ့ရှိမှုက ဘယ်လိုလူတွေမှာ အန္တရာယ်ရှိသလဲဆိုတာ လူထုကိုစစ်ဆေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်တာလို့ ဒေါက်တာလွိုက်က ရှင်းပြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top