Healthy Life Ad
International

နံနက်စာရေခဲမုန့်စားခြင်းက ပိုဉာဏ်ကောင်းစေနိုင်

၊ မိုးမင်းထွန်း ၊

မနက်စာ ရေခဲမုန့်တစ်ဂေါ်စားတာက ဦးနှောက်ကို မထင်မှတ်လောက်အောင် အကျိုးပြုစေကြောင်း ဂျပန်သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

တိုကျို ကျိုရင်တက္ကသိုလ်မှ ပါမောက္ခယိုရှိဟီကိုကိုဂါ ဦးဆောင်တဲ့ လက်တွေ့စမ်းသပ်မှုတစ်ခုမှာ ပါဝင်သူတွေကို မနက်အိပ်ရာထထချင်း ရေခဲမုန့်သုံးဇွန်း စားစေခဲ့ပါတယ်။ ပြီးနောက် သူတို့ကို ကွန်ပျူတာကနေ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း တွေကိုဖြေကြားစေခဲ့ပါတယ်။ ရေခဲမုန့်စားသူတွေ က မစားတဲ့ တခြားအဖွဲ့ကလူတွေထက် တုံ့ပြန်မှုပိုမြန်ကာ အချက်အလက်တွေနဲ့ လုပ်ဆောင်နှုန်း ပိုကောင်းတာကိုတွေ့ရှိခဲ့ပါတယ်။ သူတို့ရဲ့ ဦးနှောက်လှိုင်းတွေ တိုင်းတာကြည့်ရာမှာ အယ်လ်ဖာ လှိုင်းတွေ မြင့်တက်တာကို တွေ့ခဲ့ရပါတယ်။

အယ်လ်ဖာလှိုင်းက စိတ်စူးစိုက်မှုကောင်းတာ၊ သက်သောင့်သက်သာရှိတာ၊ စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီတာတို့နဲ့ ဆက်စပ်ပါတယ်။ မနက်အိပ်ရာထချိန် ရေအေးသောက်စေတဲ့ နောက်ထပ်စမ်း သပ်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီတစ်ခါမှာလည်း ပါဝင်သူတွေမှာ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင် ချက်ပမာဏတစ်ခုအထိ တိုးလာပေမယ့် ရေခဲမုန့်စားတာလောက်သိသာခြင်းမရှိတာကို တွေ့ခဲ့ရပါတယ်။ ပါမောက္ခကိုဂါက ခန္ဓာကိုယ်နဲ့ စိတ်အကြား အပြန်အလှန် သက်ရောက်မှုကို လေ့လာတဲ့ စိတ်ပညာနဲ့ ဇီဝကမ္မပညာရှင်တစ်ယောက်လို့ သိရပါတယ်။

(Ref;ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top