Healthy Life Ad
Q & A

ဘီပိုးကာကွယ်ဆေးထိုးပြီး Antibody စစ်ရာတွင်

မေး. ဘီပိုးကာကွယ်ဆေးထိုးပြီး Antibody စစ်တာ နှစ်မျိုးရှိတယ်လို့သိရပါတယ်။ ဘယ်နည်းကပိုကောင်းသလဲ။ ဈေးသက်သာတဲ့နည်းနဲ့စစ်ရင် လုံလောက်တယ်လို့ မှတ်ယူလို့ရပါသလား။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. ဘီပိုးကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်နိုင်မှု ရှိ၊ မရှိ ပဋိပစ္စည်းပမာဏသိရအောင် သွေးစစ်ရပါတယ်။ ELISA နည်းနဲ့ စစ်လို့ရပါတယ်။ ဈေးကြီးတာ၊ ဈေးနည်းတာနဲ့ မဆိုင်ပါ။ ပဋိပစ္စည်းပမာဏ အလုံအလောက် (anti-HBsAg>10 mIU/mL) ရှိရင် ကာကွယ်နိုင်စွမ်းရှိတယ်လို့ သတ်မှတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top