Healthy Life Ad
Q & A

စာသင်ရင်း အသံဝင်လွယ်လို့ပါ . . .

မေး. မင်္ဂလာပါ ခင်ဗျာ. . . ကျွန်တော့်အသက်က ၂၃ နှစ်ပါ။ ကျွန်တော့်အလုပ်က ကလေးတွေကို စာသင်ကြားပေးရပါတယ်။ ကလေးတွေ စာသင်တဲ့အခါမှာ တစ်ခါတလေသင်ရင်း လည်ချောင်းတွေနာပြီး အသံတွေတစ်ခါတည်း ဝင်သွားတယ်။ ပြီးတော့ တစ်ရက်ခြား၊ နှစ်ရက်ခြားဆိုသလို အသံတွေဝင်ပါတယ်။ အသံဝင်ပြီး လည်ချောင်းတွေလည်း နာပါတယ်။ အမြဲ ဒီလိုဖြစ်နေတော့ နောင်တစ်ချိန်မှာ အသံအိုးတွေ လည်ချောင်းတွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါသလား။ နောက်တစ်ခုက အသံအမြဲဝင်ပြီး အသံနာတဲ့အတွက်ကြောင့် အသံဝင်တာ ပျောက်တဲ့ဆေး အမြဲသောက်ဖြစ်ပါတယ်။ အဲဒီဆေးတွေဟာလည်း ကြာလာရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါသလား။
ဟန်မင်းမောင် (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. ခဏတဖြုတ် အသံဝင်တာဟာ ဖြစ်လေ့ဖြစ်ထရှိပြီး စိုးရိမ်စရာ မဟုတ်ပါဘူး။ ခဏခဏဖြစ်တယ်၊ ရက်ရှည်ဖြစ်လာတယ်ဆိုရင်တော့ လိုအပ်သလို စစ်ဆေးဖို့လိုပါတယ်။ စာသင်ရင်း အသံကျယ်ကျယ် ပြောရတာများပြီး ဖြစ်တာဖြစ်ဖို့များပေမယ့် သေချာအောင် စစ်ဆေးကြည့်သင့်ပါတယ်။ ဘယ်ဆေးပဲဖြစ်ဖြစ် ရေရှည်မလိုအပ်ဘဲ စွဲစားတာမကောင်းပါဘူး။ ဆေးလိပ်၊ ကွမ်းရှောင်ရပါမယ်။ စာသင်ရင် အသံချဲ့ပေးတဲ့ Amplifier အသေးစားလေးသုံးပြီးသင်ရင် ကျယ်ကျယ်ပြောဖို့မလိုဘဲ ထိရောက်စွာသင်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top