Healthy Life Ad
Health Tips

ချက်ချင်း စိတ်ကြည်သွားစေမည့် ရနံ့များ

၊ လရိပ်မေ ၊

အပင်နဲ့ ပန်းပွင့်တွေရဲ့ သဘာဝရနံ့နဲ့ အဆီတွေက လူတစ်ယောက်ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ခံစားမှုပိုင်းအခြေအနေကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။


လာဗန်ဒါရနံ့
စိတ်ဖိစီးမှု ခံစားရပြီးချိန်မှာ စိတ်အပန်းပြေစေဖို့ လာဗန်ဒါရနံ့ဆီကို ရှူရှိုက်ပေးပါ။ လန်းဆန်းတဲ့ လာဗန်ဒါရနံ့ဟာ ပူပင်သောကကို လျော့ပါးစေပြီး အာရုံကြောစနစ်ကို အပန်းပြေစေပါတယ်။


ဂရိတ်ဖရုရနံ့
ဂရိတ်ဖရုရနံ့က ဦးနှောက်လုပ်ဆောင်မှုကိုလှုံ့ဆော်ပေးပြီး အကောင်းမြင်စိတ်ကို အားပေးကာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်မှုရရှိအောင် တွန်းအားပေးပါတယ်။


နှင်းဆီရနံ့
နှင်းဆီရနံ့က လူတွေကို ဘယ်လိုအခြေအနေမှာမဆို သက်သောင့်သက်သာဖြစ်အောင် ကူညီပေးပါတယ်။


ပင်စိမ်းရနံ့
သတင်းအချက်အလက်တွေကို မှတ်မိဖို့ ကြိုးစားနေချိန်မှာ ပင်စိမ်းရနံ့ကို ရှူလိုက်ပါ။ မှတ်ဉာဏ် ကောင်းမွန်စေတဲ့ သဘာဝလက်ဆောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top