Healthy Life Ad
International

ကလေးများ၏ ဉာဏ်ရည်ထက်မြက်မှုက မိခင်ဆီမှ အမွေရရှိ

၊ မိုးမင်းထွန်း ၊

ကလေးတွေရဲ့ဉာဏ်ရည်ထက်မြက်မှုက မိခင်ဆီက အမွေဆက်ခံတယ်လို့ သုတေသီတွေက ပြောကြားလိုက်ပါတယ်။ အမျိုးသမီးတွေမှာ Xခရိုမိုဆုမ်း ၂ခုရှိပြီး အမျိုးသားတွေမှာ တစ်ခုသာရှိတာကြောင့် ကလေးတွေဟာ မိခင်တွေဆီမှ ဉာဏ်ရည်မျိုးဗီဇတွေ ပိုမိုရရှိဖို့ အလားအလာများကြောင်း သိရပါတယ်။ဖခင်ဆီက အမွေရရှိတဲ့ ဉာဏ်ရည်မျိုးဗီဇတွေဟာ အလိုအလျောက် ပျောက်ကွယ်သွားကြောင်းလည်း တွေ့ခဲ့ရပါတယ်။

ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ အမမျိုးဗီဇပိုမို ထိုးသွင်းခံရတဲ့ကြွက်တွေမှာ ခေါင်းကြီးဦးနှောက်ကြီးကြကာ ခန္ဓာကိုယ်သေးတာကိုတွေ့ရပြီး အဖိုမျိုးဗီဇ ထိုးသွင်းခံရတဲ့ကြွက်တွေမှာ ခေါင်းသေးဦးနှောက်သေးကြကာ ခန္ဓာကိုယ်ထွားကျိုင်းကြတာတွေ့ရပါတယ်။ စကော့တလန်၊ ဂလပ်စဂိုမှ သုတေသီတွေကဒီသီအို ရီကိုလူတွေမှာလည်းလက်တွေ့စမ်းသပ်ခဲ့ပါတယ်။

၁၉၉၄ခုနှစ်မှစပြီး နှစ်စဉ်အသက် ၁၄နှစ်နဲ့ ၂၂ နှစ်ကြား လူငယ် ၁၂၆၈၆ ဦးကို လက်တွေ့မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။ ပညာရေး၊ လူမျိုး၊ လူမှုစီးပွားအခြေအနေ ဘယ်လိုကွာခြားပါစေ. . ကလေးတွေရဲ့ ဉာဏ်ရည်ကောင်းမွန်မှုရဲ့ အဓိက အဆုံးအဖြတ်ပေးတာက မိခင်ရဲ့ အိုင်ကျူသာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဉာဏ်ရည်ကောင်းမွန်မှုအပေါ် မျိုးဗီဇရဲ့ သက်ရောက်မှုက ၄၀က ၆၀ရာ ခိုင်နှုန်းအထိသာရှိပြီး ကျန်တာကို ကျင်လည်ရာ ပတ်ဝန်းကျင်အခြေအနေက ဆုံးဖြတ်ပေးတယ်လို့ သုတေသီတွေက ပြောပါတယ်။

မိခင်နဲ့ ကလေးကြား လုံခြုံနွေးထွေးတဲ့ ဆက်ဆံရေးက ဦးနှောက်ရဲ့တချို့အပိုင်းတွေဖွံ့ဖြိုးမှုမှာ အရေးကြီးကြောင်း ဝါရှင်တန်တက္ကသိုလ်မှ သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။ ၇နှစ်ကြာ ကလေးနဲ့မိခင်အုပ်စုတစ်စုကို လေ့လာမှု အရစိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရပြီး မိခင်နဲ့အနေနီး တဲ့ကလေးတွေက မိခင်နဲ့အေးစက်တဲ့ဆက်ဆံရေးရှိတဲ့ကလေးတွေထက် အသက် ၁၃ နှစ်အရွယ်မှာ ဦးနှောက်ရဲ့ Hippocampus ကျအလွှာ အရွယ်အစား ၁၀ ရာခိုင်နှုန်းပိုကြီးမားတာကို တွေ့ခဲ့ပါတယ်။ Hippocampus ကျဆိုတာ မှတ်ဉာဏ်၊ လေ့လာသင်ယူမှု၊ စိတ်ဖိစီးမှုကို တုံ့ပြန်နိုင်စွမ်းရှိမှုတို့နဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့အလွှာတစ်ခုဖြစ်ပါတယ်။ ဂရုစိုက်တတ်တဲ့ မိခင်တွေကြောင့် ကလေးတွေမှာ ကမ္ဘာကြီးကိုစူးစမ်းလိုစိတ်၊ ပြဿနာတွေဖြေရှင်းနိုင်စွမ်းတွေ တိုးတက်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အလိုလိုသိမြင်နားလည်တဲ့စိတ်နဲ့ စိတ်ခံစားချက်တွေမှာတော့ ဖခင်ရဲ့ မျိုးဗီဇကအခရာကျကြောင်း သုတေသီတွေက ပြောဆိုပါတယ်။

(Ref; ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top