Healthy Life Ad
Q & A

ကျောက်ကပ်အစားမထိုးခင် ဆင်ခြင်သင့်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မေး ။ ခရစ်ယာတနင်းအဆင့် မြင့်တက်နေပြီး ကိုယ်အလေးချိန်များနေတဲ့ အခြေအနေမှာ ကျောက်ကပ်အစား ထိုးမယ်ဆိုရင် ဘယ်လို ဆင်ခြင်သင့်ပါသလဲ။

ဖြေ ။ အရင်ဆုံးတော့ ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်းရှိနေအောင် ထိန်းသိမ်းသင့်ပါတယ်။ တစ်နေ့ကို တစ် နာရီလောက် လေ့ကျင့်ခန်းလေးလုပ်ပေးသင့်ပါတယ်။ လမ်းလျှောက်တာလို လေ့ကျင့်ခန်းလုပ်စေချင်ပါတယ်။ တစ်နေ့ ကယ်လိုရီဘယ်လောက်စားရမလဲ၊ တစ်နေ့အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ် ဘယ်လောက်စားရမလဲ၊ အာဟာရဓာတ် ဘယ်လောက်ရအောင် စားရမလဲ၊ ဘယ်လောက်အတိုင်း အဆစားရမလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ (အဲဒါတွေကို ရှေ့အပတ်တွေမှာ ဖော်ပြခဲ့ပြီးပါပြီ) အစားအသောက်ကို ခြောက်လလောက် ဆင်ခြင်စားသောက်သင့်ပါတယ်။ ကျောက်ကပ်အစားထိုးမယ်ဆိုရင် လူက ကျန်းမာကြံ့ခိုင်နေဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top