Healthy Life Ad
International

တစ်နေ့ ဆေးလိပ်တစ်ဘူးသောက်ခြင်းက အဆုတ်ဆဲလ်တိုင်းတွင် ဆဲလ်သန္ဓေပြောင်းမှု အကြိမ် ၁၅၀ ဖြစ်ပွား

၊ မိုးမင်းထွန်း ၊

ခန္ဓာကိုယ်ရဲ့ အင်္ဂါအသီးသီးမှာ ဆေးလိပ်သောက်တာကြောင့် မျိုးဗီဇ ဘယ်လိုပျက်စီးတယ်ဆိုတာ လေ့လာခဲ့ကြပါတယ်။ တစ်နေ့ ဆေးလိပ်တစ်ဘူးသောက်တာက ဆေးလိပ်သမားရဲ့အဆုတ်ဆဲလ်တွေမှာ ဆဲလ်သန္ဓေပြောင်းမှု အကြိမ် ၁၅၀ ဖြစ်ပွားကြောင်း တွေ့ခဲ့ရပါတယ်။

တွေ့ရှိမှုက တစ်သက်တာသောက်သုံးတဲ့ ဆေးလိပ်အရေအတွက်နဲ့ ကင်ဆာအကျိတ်ဖြစ်ပေါ်စေတဲ့ DNA သန္ဓေပြောင်းမှုအကြား တိုက်ရိုက်ဆက်စပ်မှုကိုပြဆိုပါတယ်။ အကြိမ်အများဆုံး သန္ဓေပြောင်းတာက အဆုတ်မှာဖြစ်ပေါ်ပြီး ဆီးအိမ်၊ အသည်းနဲ့ လည်ချောင်းတွေမှာလည်း တွေ့ခဲ့ရတာကြောင့် ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာအပြင် တခြားကင်ဆာတွေဖြစ်နိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဆေးလိပ်နဲ့ဆက်စပ်တဲ့ ရောဂါတွေကြောင့် နှစ်စဉ် ကမ္ဘာတစ်ဝှမ်းလူ ၆ သန်းသေဆုံးနေပြီး ဒီနှုန်းအတိုင်းဆက်သွားရင် အခုရာစုနှစ်အတွင်းသေဆုံးသူ သန်းတစ်ထောင်ကျော်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။ ကင်ဆာရောဂါက ဆဲလ်ရဲ့ DNA သန္ဓေပြောင်းတာကြောင့် ဖြစ်ပွားပြီး ဆေးလိပ်သောက်တာက အနည်းဆုံး ကင်ဆာအမျိုးအစား ၁၇ မျိုးဖြစ်ပွားစေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top