Healthy Life Ad
Q & A

ကျောက်ကပ်ဝေဒနာရှင်နှင့် အချိုမှုန့်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

မေး။ ။ ကျောက်ကပ်ဝေဒနာရှင်တွေက အချိုမှုန့်ကို မစားသင့်ဘူးလို့သိရပါတယ်။ အချိုမှုန့်အစားထိုး ဘယ်အရာကို စားရမလဲ၊ ဆားလျှော့ပြီး အချိုမှုန့် မသုံးဘဲကြက်သားမှုန့်ကိုသုံးပါတယ်။ တချို့ကလည်း ကြက် သားမှုန့်ကို မစားသင့်ဘူးလို့ ပြောပါတယ်။ အဲဒါကရော ဟုတ်ပါသလား။ အန္တရာယ်ကင်းအောင် ဘယ်လို ချက်ပြုတ်စားသောက်သင့်ပါသလဲ။

ဖြေ။ ။ အချိုမှုန့်တွေ၊ ဟင်းခတ်မှုန့်၊ ကြက်သားမှုန့်တွေကို မစားစေချင်ပါဘူး။ အဓိကကတော့ ဆားရယ်၊ သ ကြားနည်းနည်းရယ် ထည့်ပြီး ဟင်းချက်စားစေချင်ပါတယ်။ ဆရာမတို့အိမ်မှာဆိုရင် ဆားနဲ့ သကြားနည်း နည်းထည့်ပြီးပဲ ဟင်းချက်ပါတယ်။ စားလို့ ဖြစ်ပါတယ်။ ဆား၊ သကြားနဲ့ နည်းနည်းလေး အငန်ပေါ့ တယ်ထင်ရင်ငံပြာရည်နည်းနည်း ထည့်ချက်ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာ ငံပြာရည် လက်ဖက်ရည်ဇွန်း သုံးဇွန်းထက် မပိုရပါဘူး။ ဟင်းလျာတွေ နည်းနည်း အရသာကောင်းအောင် ချင်း (ဂျင်း)၊ ဟင်းခတ်အ မွှေးအကြိုင် စတာတွေ ရောပြီး ချက်ပေးသင့်ပါတယ်။ အချိုမှုန့်၊ ကြက်သားမှုန့်တွေမှာ ဓာတုပစ္စည်းတွေ ပါတဲ့အတွက် ဆီးချိုသမား၊ ကျောက်ကပ်သမားတွေ ဖြစ်နိုင်ရင် မစားစေချင်ပါဘူး။ ဆီးချိုရှိပေမယ့်လည်း သကြားနည်းနည်းလေး သုံးပြီး ဟင်းချက်စား လို့ရပါတယ်။ တဖြည်းဖြည်းစားရင်း၊ စားရင်း အကျင့် ပါသွားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top