Healthy Life Ad
Health Tips

မုန်လာဥနီမှာ ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေရှိသလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးအတွက် သဘာဝအစားအစာတွေ စားဖို့ ပြောတိုင်း မုန်လာဥနီကလည်း တစ်ခုအပါအ ဝင်ပဲ ဖြစ်ပါတယ်။ မုန်လာဥနီက လူ့ခန္ဓာကိုယ်အ တွက် ဘာကြောင့် အရေးပါရသလဲဆိုတာကို တိတိ ကျကျ သိနားလည်သဘောပေါက်စေဖို့ ရေးသား လိုက်ရပါတယ်။

(၁) အသားအရေ နုပျိုစေပါတယ်
မုန်လာဥနီထဲမှာပါတဲ့ ဗီတာမင်စီက ခန္ဓာကိုယ် ထဲမှာ ကော်လာဂျင်ထုတ်လုပ်မှု ကောင်းစေပြီး ကော် လာဂျင်ဟာ အသားအရေကို တင်းအား ကောင်းစေ တဲ့ ပရိုတင်းတစ်မျိူးဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြောင်း မရှိအောင် ကာကွယ်ပေးပြီး အိုမင်းတဲ့ ဖြစ်စဉ်ကို လျော့ကျစေပါတယ်။

(၂) အာဟာရဓာတ်တွေ ပါဝင်ပါတယ်
မုန်လာဥနီမှာ မရှိမဖြစ်အင်ဇိုင်းတွေ၊ ဗီတာမင် နဲ့သတ္တုဓာတ်တွေ စတဲ့ အာဟာရဓာတ်တွေ အပြည့် အဝပါဝင်နေပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် B1၊ B2၊ B6၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဘိုင်အိုတင်၊ ဖော့စ်ဖိုးရပ်စ်၊ ဆိုဒီယမ်၊ ဘိုင်အိုတင်၊ ပိုတက်စီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့လည်း အများအပြားပါဝင်နေပါတယ်။

(၃) နှလုံးသွေးကြောရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်
မုန်လာဥနီကို ပုံမှန်စားသုံးပေးတာက သွေး တွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကိုလျော့ ကျစေတာကြောင့် နှလုံးသွေးကြောနဲ့ ဆက်စပ်နေတဲ့ ရောဂါဝေဒနာတွေကိုမဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။

(၄) သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပါတယ်
မုန်လာဥနီထဲက ကာရိုတင်းနွိုက်ဟာ သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပါတယ်။

(၅) သွေးဖိအား ထိန်းပေးပါတယ်
မုန်လာဥနီမှာပါတဲ့ potash succinate ဆိုတဲ့ အရာမှာ သွေးတိုးကျစေတဲ့ ဆေးဝါးအာနိသင်ရှိတာကြောင့် သွေးဖိအားကို လျော့ကျစေပါတယ်။

(၆) အရေပြားဝေဒနာတွေ သက်သာစေပါတယ်
မုန်လာဥနီထဲက ဗီတာမင်အေဟာ အကောင်းဆုံး အင်တီအောက်ဆီးဒင့် အာနိသင်ရှိတာကြောင့် ဖရီးရယ်ဒီကယ်တွေကြောင့် အိုမင်းတဲ့ ဖြစ်စဉ်ကို လျော့ကျစေပါတယ်။ ဖရီးရယ်ဒီကယ်က ခန္ဓာကိုယ်ထဲမှာရှိ နေရင် နှင်းခူ၊ အရေပြား ရောင်ရမ်းတာ၊ အရေးကြောင်းထင်တာနဲ့အရေ ပြားနီမြန်းတာတွေကိုဖြစ် စေနိုင်ပါတယ်။

(၇) သက်ကြီး မျက်စိဝေဒနာ မဖြစ်အောင် ကာကွယ်ပေးပါတယ်
မုန်လာဥနီမှာပါတဲ့ ကာရိုတင်းဟာ ခန္ဓာကိုယ်ထဲရောက်ချိန်မှာ ဗီတာမင်အေအဖြစ်ပြောင်းသွားပြီး ညဘက်မှာ မမြင်တာမျိုး မဖြစ်အောင် ကာကွယ်ပေးကာ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ မက်ကူလာ ယိုယွင်းပျက်စီးတဲ့အန္တရာယ်ကို လျော့ကျစေပါတယ်။

(၈) ကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်
မုန်လာဥနီတွေထဲမှာပါတဲ့ ဘီတာကယ်ရိုတင်းဟာ အဆုတ်ကင်ဆာအပါအဝင် ကင်ဆာရောဂါအမျိုးမျိုးရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၉) ရင်သားကင်ဆာဖြစ်နှုန်း လျော့ကျစေပါတယ်
မုန်လာဥနီကို အစိမ်းလိုက်စားတဲ့ အမျိုးသမီး တွေက မစားတဲ့ အမျိုးသမီးတွေထက် ရင်သားကင် ဆာဖြစ်နိုင်ခြေကို ငါးဆ-ရှစ်ဆလောက် လျော့နည်း မှုရှိတာကို တွေ့ရပါတယ်။

သတိပြုရန်
မုန်လာဥနီကို အများအပြားစားတာက အသားအရေကို ယာယီ အရောင်ဝါစေနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း မုန်လာဥနီကို အများအပြားစားတာက ကိုယ်ဝန် ပျက်ကျတာကိုဖြစ်စေ နိုင်တာကြောင့် ပမာဏအများကြီးမစားသင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top