Healthy Life Ad
International

မျက်နှာအစားထိုးထားသည့် ပိုလန်အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ဂျို့အင်နာအမည်ရှိ ပိုလန်အမျိုးသမီးဟာ လွန်ခဲ့တဲ့သုံးနှစ်က မျက်နှာအစားထိုးခွဲစိတ်ခဲ့ရပါတယ်။ သူက အကျိတ်ပိုတွေဖြစ်စေတဲ့ မျိုးဗီဇရောဂါဖြစ်တဲ့ Neurofibromatosis ကြောင့် မစားနိုင်၊ မမျိုနိုင်၊ စကားမပြောနိုင် ဖြစ်နေတာကြောင့်ပါ။ ရောဂါက အာရုံကြောတွေတစ်လျှောက် အကျိတ်ပိုတွေဖြစ်ပွားစေကာ အရိုးရောဂါ၊ ပြင်းပြင်းထန်ထန်နာကျင်တာ၊ စာသင်ရခက်ခဲတာ၊ အမြင်အကြားအာရုံချို့တဲ့တာတို့ကို ဖြစ်စေပါတယ်။ မျိုးရိုးလိုက်တတ်တဲ့ ရောဂါမျိုးဖြစ်ပေမယ့် တချို့မှာတော့ မျိုးဗီဇဖောက်ပြန်တာကြောင့် ဖြစ်ပွားတတ်ကြပါတယ်။

အင်နာရဲ့မျက်နှာက ရောဂါကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေပါတယ်။ ဆရာဝန်တွေက စားနိုင်၊ သောက်နိုင်၊ စကားပြောနိုင်လာအောင် သူ့မျက်နှာရဲ့ ၈၀ ရာခိုင်နှုန်းအထိ အရေပြား အစားထိုးခဲ့ပါတယ်။ ရှုပ်ထွေးတဲ့ အစားထိုးမှုက ၂၃နာရီကြာမြင့်ခဲ့ပါတယ်။

အရေပြားအသစ်တွေက မျိုးဗီဇမတူတာကြောင့် နောက်ထပ်မျက်နှာ ပုံပန်းပျက်စီးမှုမဖြစ်နိုင်ဘူးလို့ ဆရာဝန်တွေ ကပြောပါတယ်။ ခွဲစိတ်မှုအပြီး သုံးနှစ်အကြာမှာ အင်နာရဲ့အခြေအနေဟာ ကောင်းမွန်နေပြီး နဖူးနဲ့ လည်းပင်းမှာသာ အမာရွတ်တွေရှိတော့တာကို တွေ့ရပါတယ်။ ၂၀၁၀၊ မတ်လက စပိန်လယ်သမား တစ်ဦးအတွက် မျက်နှာအစားထိုးမှုက ကမ္ဘာ့ပထမဆုံးဖြစ်ကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top