Healthy Life Ad
International

ကူးစက်တတ်တဲ့ရောဂါလို့ထင်ကာ လူတွေကရှောင်ကြဉ်ကြတာကြောင့် တစ်ကိုယ်တည်းနေထိုင်နေရတဲ့ ပူဖောင်းလူသား

၊ မိုးမင်းထွန်း ၊

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှ အသက် ၅၆ နှစ်အရွယ် ဟာဖစ်အူလာခန်ရဲ့ တစ်ကိုယ်လုံးမှာ အဖုလုံးတွေနဲ့ ပြည့်နှက်နေပါတယ်။ အသက် ၁၀ နှစ်သားကတည်းက ရင်ဘတ်မှာစထွက်လာခဲ့ပြီး အကျိတ်ပိုတွေဟာ လက်၊ ခြေထောက်၊ လည်ပင်းနဲ့ မျက်နှာအထိ ပျံ့နှံ့ပေါက်ရောက်လာခဲ့ပါတယ်။လူတွေကကူးစက်တတ်တဲ့ ရောဂါထင်ကာ ရှောင်ကြဉ်ကြတာကြောင့် တစ်ကိုယ်တည်းသမားဖြစ်နေရကြောင်းသိရှိရပါတယ်။
သူ့အစ်ကိုက သူနဲ့ဝေးဝေးနေကြဖို့ သားသမီးတွေကို ပြောကြားနေတာကြားခဲ့ရပြီးနောက် ခန်ဟာ အိမ်ကိုစွန့်ခွာခဲ့ပါတယ်။

ကရာချိမြို့လမ်းတွေမှာ တောင်းရမ်းစားသောက်ကာ အသက်မွေးနေပြီး တစ်ယောက်ခန်းတစ်ခန်းငှားနေကာ တစ်ကိုယ်တည်း အဖော်မဲ့ဘဝကို ဖြတ်သန်းနေရကြောင်း ပြောပြပါတယ်။ဆရာဝန်တွေကတော့ ခန်မှာ Neurofibromatosis ခေါ်မျိုးဗီဇဖောက်ပြန်တဲ့ အရေပြားရောဂါရနေတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီရောဂါမျိုးကို ကုသဖို့ကုထုံးမရှိသေးဘဲ အကျိတ်တွေကို ခန္ဓာကိုယ်မှ ဖယ်ရှားခွဲထုတ်နိုင်ကြောင်း သိရပါတယ်။မျိုးဗီဇရောဂါဖြစ်တာကြောင့် ခွဲစိတ်ဖယ်ရှားပြီးပါကလည်း ပြန်လည်ပေါက်ရောက်နိုင်တယ်လို့ ဆရာဝန်တွေက ရှင်းပြထားပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top