Healthy Life Ad
Health Tips

ခန္ဓာကိုယ်ဟန်ချက်ညီစေမည့် နေ့စဉ်လေ့ကျင့်ခန်း ခုနစ်မျိုး

၊ လရိပ်မေ ၊

ခြေထောက်တစ်ဖက်ပေါ်ရပ်ပြီး လေ့ကျင့်ခန်းလုပ်ကြည့်လိုက်ပါ။ သင့်ကိုယ်နေဟန်နဲ့ ပိုပြီးစမတ်ကျလာတာကို တွေ့ရပါလိမ့်မယ်။

– ဟန်ချက်ညီလေ့ကျင့်ခန်း (၁)
မတ်မတ်ရပ်ပြီး ညာခြေထောက်ပေါ် ဘယ်ခြေထောက်ကွေးတင်ပါ။ ပြီးရင်အသက် ရှူသွင်းရင်း လက်မောင်းနဲ့ပခုံးတွေကို သက်သောင့်သက်သာနေပါ။ လက်နှစ်ဖက်ကို အပေါ်မြောက်ပြီး အသက်ရှူ ထုတ်လိုက်ပါ။ ခြေထောက် ဘယ်ညာပြောင်းလုပ်ပေးပါ။ ကြွက်သားတွေသန်စွမ်းစေပြီး ကိုယ်နေဟန်ကို ကြည့်ကောင်းစေပါလိမ့်မယ်။

– ဟန်ချက်ညီလေ့ကျင့်ခန်း (၂)
မတ်မတ်ရပ်ရင်း ခန္ဓာကိုယ်ကိုပုံမှာ ပြထားတဲ့အတိုင်း ဒူးနဲ့တင်ပါးကို ကွေးညွတ်ပေးပါ။ အသက်ရှူသွင်းပြီး ပခုံးတွေကို သက်သောင့်သက်သာထားပါ။ ပြီးမှ လက်နှစ်ဖက်ကိုဆန့်ထုတ်မြှောက်ရင်း အသက်ရှူ ထုတ်ပေးပါ။

– ဟန်ချက်ညီလေ့ကျင့်ခန်း (၃)
တံခါးနဲ့နံရံထောင့်နေရာမှာ ရပ်ပြီး ကျောရိုးမကြီးကိုဆန့်ထုတ်ပါ။ ဝမ်းဗိုက် ကြွက်သားတွေကို ရှပ်ထားပါ။ ပြီးရင် အသက်ရှူသွင်းရင်း ခြေဖျားထောက်ကာ ရပ်ပေးပါ။ ဒူးနဲ့ ခါးတွေကိုပါ ဖြောင့်တန်း အောင်ထားပြီး အသက်ရှူထုတ်ပေးပါ။

– ဟန်ချက်ညီလေ့ကျင့်ခန်း (၄)
ကြမ်းပြင်ပေါ်ထိုင်ပြီး ဒူးကွေးကာ ခြေနှစ်ဖက်ကို ကြမ်းပြင်ကနေ မြှောက်လိုက်ပါ။ လက်နှစ်ဖက်ကို ဆန့်တန်းရင်း လက်ဖဝါး နှစ်ဖက်ဖြန့်ထုတ်လိုက်ပါ။ ခါးက တဖြောင့် တန်းရှိနေပါစေ။

– ဟန်ချက်ညီလေ့ကျင့်ခန်း (၅)
ကြမ်းပြင်ပေါ်မှာ မတ်မတ်ရပ်ပြီး ပုံမှာ ပြထားတဲ့ အတိုင်း ညာခြေထောက်ကို နောက်ဘက် ကွေးထုတ်ပါ၊ ဘယ်ခြေ ထောက်ကို ရှေ့ထုတ်ကာ ထောက်ထားပါ။ အသက်ရှူသွင်းရင်း ပခုံးတွေကို သက် သောင့်သက်သာထားပါ။ လက်နှစ်ဖက်ကို ဘေးမှာ ဆန့်မြှောက်ရင်း အသက်ရှူထုတ်လိုက်ပါ။

– ဟန်ချက်ညီလေ့ကျင့်ခန်း (၆)
နံရံရှေ့မှာမတ်မတ်ရပ်ပြီးခန္ဓာကိုယ်ကို ဖြောင့်တန်းအောင်ထားပါ။ ပြီးရင် နံရံဆီကို လက်နှစ်ဖက်ဆန့်ထုတ်ရင်း ရှေ့ကို ကြည့်ပါ။ ဒီအနေအထားက လည်ပင်းနဲ့ လက်မောင်းကြွက်သားတွေကို သန်စွမ်း စေပါတယ်။


– ဟန်ချက်ညီလေ့ကျင့်ခန်း (၇)
ခြေနှစ်ချောင်းကို အနည်းငယ်ချဲကာ မတ်မတ်ရပ်ပြီး အသက်ရှူသွင်းပါ။ ပြီးရင် ခြေဖျားထောက်ပြီး အသက်ရှူထုတ်ကာ လက်နှစ်ဖက်ကို ခေါင်းပေါ်ဆန့်တန်းထုတ် လိုက်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top