Healthy Life Ad
Child

သင့်ကလေးမှာ လက်မစုပ်တဲ့ အကျင့်ရှိနေသလား

၊ လရိပ်မေ ၊

ကလေးငယ်တွေမှာ လက်မစုပ်တဲ့ အကျင့်ကို အတွေ့ရများပါတယ်။ ကလေးတွေမှာ လက်မနဲ့ လက်ချောင်းတွေကို စုပ်တာက ဖျောက်ရခက်တဲ့ အလေ့အထတစ်ရပ်ပါပဲ။ ဒါပေမဲ့ မိဘတွေအနေနဲ့ က လေးတွေ လက်မစုပ်တာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ အကြောင်းကတော့ ကလေးရဲ့ လက်က မသန့်ရှင်းရင် ဝမ်းပျက်ဝမ်းလျှောလို ရောဂါမျိုးဖြစ်မှာ စိုးရိမ်သလို လက်မစုပ်တဲ့ အကျင့် စွဲသွားမှာ စိုးလို့ပါ။

ကလေးငယ်တချို့က ဘာကြောင့်လက်မစုပ်ကြတာလဲ
ကလေးငယ်တွေဟာ လက်မစုပ်လိုက်တာကြောင့် စိတ်သက်သာရာရတတ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ ပျင်းရိတဲ့အခါ၊ ပင်ပန်းတဲ့အခါနဲ့ ပူပင်သောကများတဲ့အခါတွေမှာ အလေ့အထတစ်ရပ်အနေနဲ့ လက်မစုပ်တတ်ကြပါတယ်။

ကလေးတွေရဲ့လက်မစုပ်တဲ့အလေ့အထက ဘယ်အချိန်မှာ ပျောက်သွားလေ့ရှိသလဲ
ကလေးတွေရဲ့ လက်မစုပ်တဲ့အကျင့်ဟာ အသက် တစ်နှစ်အရွယ်လောက်မှာ အများအားဖြင့် သူ့အလိုလို ပျောက်သွားလေ့ရှိပါတယ်။တစ်ခါတစ်ရံမှာတော့ ကလေးငယ်အများစုဟာ အထူးသဖြင့် စိတ် ဖိစီးမှုများနေတဲ့အချိန်တွေမှာ လမ်းလျှောက်ခါစ အရွယ်နဲ့ မူကြိုအရွယ်အထိ လက်မ ဒါမှမဟုတ် လက် ချောင်းတွေကို စုပ်လေ့ရှိပါတယ်။

ကလေးငယ်ရဲ့ လက်မစုပ်တဲ့အကျင့်ပျောက်အောင် မိဘတွေအနေနဲ့ ဘယ်အချိန်မှာ ပါဝင်သင့်ပါသလဲ
ကလေးတွေရဲ့ လက်မစုပ်တဲ့အကျင့်ဟာ အသက် လေးနှစ်-ငါးနှစ်အရွယ်အထိ စွဲမြဲနေရင်၊ လက် မစုပ်တာကြောင့် အာခေါင်မိုးကိုပါ ထိခိုက်စေရင်၊ အန်ချင်သလို ဖြစ်နေရင်၊ သွားထိခိုက်တာတွေကို ကြုံတွေ့နေရရင် ကလေးရဲ့ လက်မစုပ်တတ်တဲ့အကျင့်ပျောက်အောင် မိဘတွေအနေနဲ့ လုပ်ဆောင် ပေးသင့်နေပါပြီ။

ကလေးငယ်ရဲ့ လက်မစုပ်တဲ့ အလေ့အထပျောက်အောင် ဘယ်လိုဆောင်ရွက်ပေးသင့်သလဲ

– ညင်သာစွာ သတိပေးပါ
သင့်ကလေးဟာ လက်မနဲ့ တခြားလက်ချောင်းတွေကို စုပ်နေရင် လက်မကို မစုပ်သင့်ကြောင်း ညင် ညင်သာသာ သတိပေးပါ။ ကလေးကို လက်မစုပ်တာ ကြောင့် ဆူပူတာ၊ ငေါက်ငန်းတာမျိုး လုပ်ဝမလုပ်သင့်ပါ။ အဲဒီလိုလုပ်ပါက ကလေးငယ်အနေနဲ့ စိတ်ဖိ စီးမှုများကာ လက်မကို ပိုစုပ်မိစေနိုင်ပါတယ်။

– ဆုချီးမြှင့်ပါ
ကလေးအနေနဲ့ လက်မ မစုပ်ဘဲနေတဲ့ အချိန် တွေမှာ အိပ်ရာဝင်ပုံပြင်ပြောပြတာမျိုး၊ ကစားကွင်း ခေါ်သွားတာမျိုးနဲ့ ချီးကျူးစကားဆိုပါ။

– အပြုအမူပြောင်းလဲခိုင်းပါ
ကလေးငယ်အနေနဲ့ လက်မစုပ်ချင်လာတဲ့အ ခါမှာ ခေါင်းအုံး ဒါမှမဟုတ် မွေးပွအရုပ်ကို ဖျစ်ညှစ် တာမျိုးနဲ့ အာရုံပြောင်းသွားအောင် လုပ်ဆောင်ဖို့ သင်ပေးပါ။

– လက်သည်းများကို ခပ်တိုတို ညှပ်ပေးပါ
ကလေးငယ်ရဲ့ လက်သည်းတွေကို ခပ်တိုတို ညှပ်ပေးပါ။ ကလေးငယ်ရဲ့ လက်ကို အမြဲတမ်းသန့် ရှင်းနေအောင် ဆေးကြောသန့်စင်ပေးပါ။ကလေး ကစားတဲ့အရုပ်တွေကို သန့်ရှင်းအောင် ထားပေးပါ။

– စိတ်ရှည်ရှည်ထားပါ
ကလေးအနည်းငယ်မှာ လက်မစုပ်တဲ့ အလေ့ အကျင့်ကို ဖျောက်ရတာ ခက်ခဲတတ်ပါတယ်။ စိတ် ရှည်ရှည်ထားပါ။ ကလေးကို လက်မ မစုပ်အောင် တစ်ချိန်လုံး ဖိအားမပေးပါနဲ့။ ကလေးကို ဖိအားပေး လွန်းတာက အကောင်းထက် အဆိုးကို ပိုဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ကလေးရဲ့လက်မ စုပ်တတ်တဲ့ အကျင့်ပျောက်အောင် စိတ်ရှည်ရှည်ထားပေးဖို့လို ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top