Healthy Life Ad
Q & A

အသည်းရောင် အသည်းဝါ ဘီပိုး ကာကွယ်ဆေးဒုတိယအကြိမ်ထိုးရမှာ ကြောက်နေတယ် . . .

မေး ။ ။ ကျွန်မလေ B ပိုးကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးချိန်မှာပဲ ခန္ဓာကိုယ်အနှံ့အပြားအကျိတ်တွေ ပေါ်လာပါတယ်။ ဖိရင်လည်း နာပါတယ်ရှင့်။ဓာတ်မတည့်မှုရှိလား ။ ဒုတိယအကြိမ် ဆက်ထိုးဖို့ကြောက်နေမိလို့ ပါရှင်။
ယမင်းချစ်ကိုကို (FB)

ဒေါက်တာမြတ်ထွဋ်ညွန့် မှဖြေကြားပေးပါသည်။

ဖြေ ။ ။ B ပိုးကာကွယ်ဆေးက အဓိက နှစ်မျိုးရှိပါတယ်၊။မျိုးဗီဇနည်းပညာနဲ့ထုတ်ထားတဲ့ဆေးနဲ့ သွေးရည်ကြည်ကထုတ်တဲ့ဆေးရယ်လို့ ဖြစ်ပါတယ်၊။ အခုပထမအကြိမ် ထိုးတဲ့ဆေးက ဘယ်လို ဆေးမျိုးလဲ၊ သေသေချာချာ အအေးခန်းထဲမှာ သိမ်းဆည်းထားတဲ့ စိတ်ချရတဲ့ဆေးရောဟုတ်ရဲ့လားဆိုတာ စဉ်းစားစရာပါ။ ဆေးရုံ ဒါမှမဟုတ် ဆေး သိုမှီးသိမ်းဆည်းတဲ့နေရာ စိတ်ချရတဲ့ဆီက ဆေးနဲ့ထိုးပါ။ ပထမအကြိမ်ထိုးတဲ့ ဆေးအမျိုးအစားနဲ့မတူတာကိုထိုးပါ။ ဘီပိုးဖြစ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ များတာကြောင့်ကာကွယ်ဆေးထိုးဖို့ အားပေးပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top