Healthy Life Ad
Health Tips

သင်္ဘောသီးမှည့်ကို ဘာကြောင့်စားသင့်တာလဲ..

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) အစာကြေညက်စေပါတယ်
သင်္ဘောသီးမှာ ပက်ပိန်း(Papain)လို့ခေါ်တဲ့ အင်ဇိုင်းပါဝင်တာကြောင့် အစာကြေညက်စေပါတယ်။ ဒီအင်ဇိုင်းဟာ အလွန်အစွမ်းထက်တာကြောင့် သူ့မှာပါဝင်တဲ့ ပရိုတင်းဓာတ်အလေးချိန်ထက် အဆ ၂၀ဝလောက်ကို ပိုပြီးအစာကြေညက်စေတယ်လို့ ဆိုကြပါတယ်။

(၂) နှလုံးကျန်းမာစေပါတယ်
သင်္ဘောသီးမှာ အာဂျင်နင်းနဲ့ ကာပိန်းဆိုတဲ့ အင်ဇိုင်းတွေ ပါဝင်နေပါတယ်။ အာဂျင်နင်း (Arginine) ဟာ အမျိုးသားတွေမှာ မျိုးအောင်စေနိုင်ဖို့အ တွက် အရေးပါပြီး ကာပိန်း (Carpain) ကတော့ နှလုံး ကျန်းမာစေပါတယ်။

(၃) နုပျိုကျန်းမာစေပါတယ်
သင်္ဘောသီးမှာ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဘီတာကယ်ရိုတင်းပေါများစွာ ပါဝင်ပါတယ်။ ဘီတာ ကယ်ရိုတင်းက အသီးကို လိမ္မော်ရောင်ကိုဖြစ်စေပြီး အစိမ်းရောင်သင်္ဘောသီးမှာ ဘီတာကယ်ရိုတင်း ဓာတ် မပါဝင်ပါဘူး။ ဒါ့အပြင် ဗီတာမင်အေ၊ ဘီ၊ စီ၊ ဖလေဗိုးနွိုက်၊ ဖောလိတ်နဲ့ ပန်တိုသီးနစ် အက်စစ်တွေလည်း ပါဝင်ပါတယ်။

(၄) စွမ်းအင်တိုးစေပါတယ်
သင်္ဘောသီးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်တာကြောင့် စွမ်းအင်အားကောင်းတဲ့ သဘာဝသကြားဓာတ်ကို အဓိက ရရှိစေပါတယ်။

(၅) ရာသီမှန်စေပါတယ်
သင်္ဘောသီးအမှည့်ဟာ အမျိုးသမီးတွေမှာ ရာသီပုံမမှန်ဖြစ်တာကို သက်သာစေပြီး ရာသီသွေးပုံမှန်ဆင်းအောင် အားပေးပါတယ်။

(၆) ကင်ဆာကာကွယ်ပေးပါတယ်
သင်္ဘောသီးမှာ ရောင်ရမ်းမှုကိုကျစေတဲ့အာနိသင်အပြင် ကင်ဆာကိုကာကွယ်ပေးတဲ့ အစွမ်းသတ္တိ လည်းရှိပါတယ်။ သင်္ဘောသီးရဲ့ ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်ဟာ အဆစ်ရောင်တာ၊ဖောရောင် တာနဲ့ အရိုးပါးရောဂါတွေကြောင့် ဖြစ်ပေါ်ရတဲ့ နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။

(၇) အာဟာရဓာတ်တွေ ပါဝင်ပါတယ်
သင်္ဘောသီးမှာ ကယ်လ်စီယမ်၊ ကလိုရင်း၊ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ဆီလီကွန်နဲ့ ဆိုဒီယမ်စတဲ့ သတ္တုဓာတ် အနည်းငယ် ပါဝင်နေပါတယ်။

(၈) ကိုယ်အလေးချိန် ထိန်းပေးပါတယ်
သင်္ဘောသီးမှာ ကယ်လိုရီအနည်းငယ်ပဲ ပါဝင်ပြီး အာဟာရတန်ဖိုးအများအပြားပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူတွေအတွက် အကောင်းဆုံးအစာပဲ ဖြစ်ပါတယ်။

(၉) ဆံပင်ကျန်းမာစေပါတယ်
သင်္ဘောသီးဟာ ဗောက်ထတာကို သက်သာစေနိုင်ပါတယ်။ သင်္ဘောသီးနဲ့ ပြုလုပ်ထားတဲ့ ရှမ်ပူကိုသုံးပြီး ခေါင်းလျှော်ပေးရင် ဗောက်ထတာကို သက်သာစေပါတယ်။

(၁၀) သွေးကြောကျန်းမာစေပါတယ်
သင်္ဘောသီးမှာ အင်တီအောက်ဆီးဒင့်တွေပါ ဝင်တာကြောင့် ကိုလက်စထရောကို သွေးခဲဖတ်မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးကြောထဲမှာ သွေးခဲဖတ်(Plague)ြဖစ်ပေါ်ရင် တဖြည်းဖြည်းနဲ့ နှလုံးရောဂါထတာ(Heart Attack)နဲ့ လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။

မှတ်ချက်
သင်္ဘောစေ့တွေမှာ ကာပိန်း (Carpain)လို့ ခေါ်တဲ့ မကောင်းတဲ့ ဓာတ်ပါဝင်နေပါတယ်။ ကာပိန်း ကို ပမာဏအများကြီးစားတဲ့အခါမှာ သွေးခုန်နှုန်းကို လျော့ကျစေတာနဲ့ နာ့ဗ်ကြောစနစ် ဖိနှိပ်တာတွေကို ဖြစ်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top