Healthy Life Ad
Q & A

ဓာတ်မတည့်တဲ့ အစာ တစ်သက်လုံးရှောင်ရမှာလား …

မေး။ ။ ကျွန်တော်က ပင်လယ်စာနဲ့ သိပ်မတည့်ပါဘူး။ ပင်လယ်စာ တချို့ စားမိရင် ယားပြီး အနီဖုလေးတွေ ထတတ်ပါတယ်။ ပင်လယ်စာကိုလည်း ကြိုက်တော့ သိချင်တာက တစ်သက်လုံး မစားရတော့ဘူးလား။
ကိုကျော်၊ ပုသိမ်။

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ဓာတ်မတည့်မှု ဖြစ်တတ်သူတွေက ကိုယ်နဲ့ မတည့်တဲ့ အစာတစ်ခုကို တစ်သက်လုံး မစားရတော့ ဘူးလားဆိုရင် အဲဒီလိုတော့ မဟုတ်ပါဘူး။ ဥပမာ ပုစွန်တစ်ကောင်စားလို့ ဓာတ်မတည့်ရင် ပုစွန်နည်း နည်းစမ်းစားကြည့်ရပါမယ်။ နောက်နေ့မှာ အဲဒီထက် နည်းနည်းတိုးပြီး စားကြည့်ရပါမယ်။ အဲဒီလို ထပ်တိုးတိုးပြီး စားကြည့်ရင်းနဲ့ ဓာတ်မတည့်တာ လျော့သွားတတ်ပါတယ်။ အဲဒါကို Desensitization လုပ်တယ်လို့ခေါ်ပါတယ်။ ဓာတ်မတည့်မှု မကြာခဏ ဖြစ်တတ်တဲ့ သူတွေကတော့ ကိုယ်နဲ့ ဘာကမတည့် ဘူးလဲဆိုတာကို ဒိုင်ယာရီစာအုပ်ထဲ ချရေးထားရပါမယ်။ ဒါက အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top