Healthy Life Ad
Health Tips

ဟင်းရွက်သုပ်ရာတွင် ထည့်သင့်သည့် ကျန်းမာရေးနှင့် ညီညွတ်သော ပါဝင်ပစ္စည်းများ

ဟင်းရွက်သုပ်တစ်ပွဲမှာ အောက်ပါ ပါဝင်ပစ္စည်း တွေထည့်သွင်း စားသုံးပေးရင် နာမကျန်းမှုကိုရှောင် ရှားနိုင်ပြီး ကျန်းမာနေမှာ ဖြစ်ပါတယ်။

– ခရမ်းချဉ်သီး
အင်တီအောက်ဆီးဒင့် အများအပြားပါဝင်တဲ့ ခရမ်းချဉ်သီးကို အသုပ်ထဲ ထည့်စားတာကြောင့် သွေးကြော ထိခိုက်မှုကို နှေးစေပြီး နှလုံးရောဂါ၊ လေဖြတ်ဝေဒနာ၊ မှတ်ဉာဏ်ဆုံးရှုံးမှု၊ ပန်းသေတာနဲ့ အရေပြား လျော့တွဲတာ စတာတွေ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

– ပန်းဂေါ်ဖီစိမ်း
ဗီတာမင်စီနဲ့ အမျှင်ဓာတ်များများ ပါတဲ့ ပန်းဂေါ်ဖီစိမ်းကို ရေနွေးဖျောပြီး အသုပ်ထဲ ထည့်စားတဲ့အခါ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါ တယ်။ အကြောင်းကတော့ ဆီလီနီယမ် အနည်းငယ် နဲ့ ဒိုင်အင်ဒိုလိုင်မီသိန်းဓာတ်တွေ ပါဝင်နေလို့ပါ။

– ငါး
ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပါဝင်မှုများတဲ့ ငါးကို အသုပ်ထဲထည့်စားတာကြောင့် သွေးတိုးကျစေပြီး နှလုံးရောဂါအမောဖောက်တာ (Heart Attack) နဲ့ လေဖြတ်ခြင်း ဖြစ်နှုန်းကို လျော့ ကျစေပါတယ်။ ငါးကို ပြုတ်ပါ၊ ပြီးရင် အရိုးနွှင်ပြီး အသုပ်ထဲ ထည့်သုပ်ပါ။

– ပဲနီစေ့
အဆီဓာတ်နည်းပြီး ပရိုတင်းဓာတ်နဲ့ အမျှင် ဓာတ်ပါဝင်မှုမြင့်မားတဲ့ ပဲနီစေ့မှာ အင်တီအောက် ဆီးဒင့်အစွမ်းနဲ့ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင်တို့ ပါဝင်တာကြောင့် နှလုံးသွေးကြောရောဂါဝေဒနာ တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

– ဟင်းရွက်စိမ်းများ
ဟင်းနုနယ်ရွက်လို သုပ်စားလို့ရတဲ့ ဟင်းရွက်စိမ်းတွေမှာ ဗီတာမင်ဘီ များများ ပါဝင်တဲ့အပြင် အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်တွေ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကျန်းမာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top