Healthy Life Ad
Health Tips

ဂေါ်ဖီထုပ်ကို ဘာကြောင့် စားသင့်တာလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ရာသီမရွေးဝယ်လို့ရတဲ့ ဂေါ်ဖီထုပ်မှာ ဘယ်လိုကျန်းမာရေး ကောင်းကျိုးတွေရှိနေသလဲဆိုတာ လေ့လာကြည့်ရအောင် . . ။

(၁) အစာအိမ်အနာအတွက် သင့်တော်ပါတယ်

ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားပါတယ်။ ဂေါ်ဖီထုပ်စားရင် အစာအိမ်အနာကို သက်သာစေပါတယ်။ ဂေါ်ဖီထုပ်မှာ ဂလူတာမင်းပမာဏ များစွာပါဝင်တဲ့အတွက် ရောင်ရမ်းမှုကို ဟန့်တားပေးတဲ့ အစွမ်းရှိပါတယ်။

(၂) ကိုယ်အလေးချိန် လျော့ကျစေပါတယ်

ဂေါ်ဖီထုပ်ကိုကြော်ချက်စားတဲ့အခါ ကယ်လိုရီပါဝင်မှု အလွန်နည်းပါးတဲ့အတွက် ကိုယ်အလေးချိန် ထိန်းချင်သူတွေနဲ့ သင့်တော်ပါတယ်။ ဂေါ်ဖီထုပ်ပန်းကန်လုံးတစ်ခွက်စာ ပမာဏမှာ ၃၃ ကယ်လိုရီပဲ ပါရှိပါတယ်။

(၃) ကင်ဆာရောဂါတွေကို တွန်းလှန်ပေးပါတယ်

ဂေါ်ဖီထုပ်မှာ သိုင်ယိုဆိုင်ယာနိတ်၊ အင်ဒိုး ၃ ကာဘီနော၊ လူတိန်း၊ ဇီဇန်သင်း၊ ဆာဖိုရာဖိန်းနဲ့ အိုင်ဆိုသိုင်ယိုဆိုင်ယာနိတ်တို့လို မတူညီတဲ့ ဖိုင်တိုကမ်မီကယ်တွေ ပါဝင်ပါတယ်။ ဒါတွေက အင်တီအောက်ဆီးဒင့်တွေဖြစ်ပြီး ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတို့လို ကင်ဆာရောဂါအမျိုးမျိုးကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဂေါ်ဖီထုပ်ဟာ သွေးထဲက မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။

(၄) ကြွက်သားနာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်

ဂေါ်ဖီထုပ်မှာပါတဲ့ အာဟာရဓာတ်က ကြွက်သားနာကျင်ကိုက်ခဲမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဂေါ်ဖီထုပ်ကို ပြုတ်ပြီး၊ ပေါင်းပြီး၊ ချက်ပြီး ဒါမှမဟုတ် အစိမ်းလိုက်စားနိုင်ပါတယ်။

(၅) အသားအရေ လှပစေပါတယ်

ဂေါ်ဖီထုပ်မှာပါတဲ့ အာဟာရဓာတ်တွေက အသားအရေကို လှပစေပါတယ်။ ဂေါ်ဖီထုပ်မှာပါတဲ့ အင်တီအောက်ဆီးဒင့်အမျိုးမျိုးက အသားအရေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ် မကျရောက်အောင် ကာကွယ်ပေးပြီး အသားအရေ နုပျိုစေပါတယ်။ ဂေါ်ဖီထုပ်ကိုမွှေစက်ထဲထည့်ညှစ်ပြီး ရလာတဲ့အရည်ကို ပျားရည်နဲ့ရောမွှေကာ မျက်နှာပေါ် သုတ်လိမ်းပေးပါ။ ဝက်ခြံနဲ့ တခြားအဖုအပိမ့်တွေကို ကင်းစင်စေပါတယ်။ ဗီတာမင်စီပါတဲ့အတွက် အူလမ်းကြောင်းကို သန့်စင်စေပါတယ်။

(၆) အရိုးတွေကို ကာကွယ်ပေးပါတယ်

ဂေါ်ဖီထုပ်မှာပါတဲ့ ဗီတာမင်ကေဟာ အရိုးတွေကို သန်စွမ်းစေပါတယ်။ အရိုးတည်ဆောက်ဖြိုခွဲမှုစနစ်ကို ဟန်ချက်ညီမျှစေပါတယ်။ ဗီတာမင်ကေက အယ်လ်ဇိုင်းမားရောဂါမရအောင် ကာကွယ်ပေးတယ်။

(၇) ခံတွင်းအနာနဲ့ အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးပါတယ်

ဂေါ်ဖီထုပ်မှာ ဗီတာမင်ပါဝင်မှုများပါတယ်။ ဂေါ်ဖီထုပ်မှာပါတဲ့ ဗီတာမင်တွေက ဗီတာမင် B5၊ ဗီတာမင် B6 နဲ့ ဗီတာမင် B1 တို့ ဖြစ်ကြပါတယ်။ ဒီအာဟာရဓာတ်တွေက ခံတွင်းအနာနဲ့ အစာအိမ်အနာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၈) နှလုံးကျန်းမာစေပါတယ်

ဂေါ်ဖီထုပ်မှာ ဖော့စ်ဖရပ်စ်၊ ဆာလဖာ၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ မဂ္ဂနိစ်တွေပါဝင်တာကြောင့် ရောဂါဝေဒနာအများကြီးကို သက်သာစေပြီး အထွေထွေ ကျန်းမာရေးကောင်းမွန်စေပါတယ်။ ဒီသတ္တုဓာတ်တွေက နှလုံးခုန်နှုန်းနဲ့ သွေးကြောတွေကို ကျန်းမာစေတဲ့အတွက် နှလုံးကျန်းမာစေတာ ဖြစ်ပါတယ်။

(၉) ကိုယ်ခံအား ကောင်းစေပါတယ်

ဂေါ်ဖီထုပ်မှာ ဗီတာမင်စီပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပါတယ်။ ဗီတာမင်စီပါတဲ့အတွက် မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးပြီး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်တာမဖြစ်ဖို့နဲ့ တခြားရောဂါဝေဒနာတွေမရဖို့ ကာကွယ်ပေးပါတယ်။

(၁၀) ခေါင်းကိုက်ဝေဒနာ သက်သာစေပါတယ်

ဂေါ်ဖီထုပ်စားရင် ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ ဂေါ်ဖီထုပ်မှာပါတဲ့ လက်တစ်အက်ဆစ်က စိတ်ဖိစီးမှုလျော့ကျပြီး ခေါင်းကိုက်တဲ့ဝေဒနာကို သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top