Healthy Life Ad
Life Style

ဆံပင်ပါးနေသူတို့ အုံထူလာစေမည့် ရိုးစင်းသော နည်းလမ်း ၁၀

မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ပင်ကို ဆံပင်ပါးနေသူတွေအတွက် ဆံပင်အုံထူလာသယောင်ထင်ရစေမယ့် ပြုပြင်ထိန်းသိမ်းနည်းတွေကို မျှဝေလိုက်ပါတယ်။

(1) ဆံပင်ကို ပခုံးတစ်ဝိုက် အရှည်ထားပါ

ဆံပင်ပါးတဲ့သူတွေက ပခုံးကျော်တဲ့အထိ ရှည်လျားတဲ့ ဆံပင်ပုံ မထားသင့်ပါဘူး။ ဆံပင်က ပခုံးတစ်ဝိုက်လောက်သာ ရှိသင့်ပါတယ်။ ဆံပင်တိုပွပွ ဖြစ်လေလေ အုံထူတယ်လို့ ထင်ရလေလေပါ။

(2) အရောင်ဆိုးပါ

ဆံပင်ကို အရောင်ဆိုးပြီး လင်းလက်အောင် ပြုပြင်ပေးတာကြောင့် ဆံပင်အုံထူတယ်လို့ ထင်ရစေပါတယ်။

(3) ဆံပင်အရင်းကို မြှင့်တင်ပါ

ဆံပင်အရင်းနေရာတွေ ပိုထူအောင်လုပ်တဲ့ နည်းရှိပါတယ်။ အဲဒါက ဆံပင်အရင်းနေရာတွေကို ဆံညှပ်လေးတွေသုံးတဲ့ နည်းပါ။ စိုနေတဲ့ ဆံပင်အရင်းမှာ ဆံညှပ်လေးတွေ ညှပ်ထားပြီး ဆံပင် ခြောက်သွားမှာ ဖယ်လိုက်ရမှာပါ။ ဆံပင်အရင်းနေရာက အနည်း ငယ်မြင့်တက်သွားပြီး ဆံပင်ထူသလို ဖြစ်သွားပါတယ်။

(4) ဆံပင်ပုံသွင်းသည့် အမြှုပ်ကို အလွန်အမင်း မသုံးပါနှင့်

ဆံပင်တွေကို ကော်လိုကပ်သွားစေမယ့် ပုံသွင်း အမြှုပ် (Styling Foam)တွေကို အလွန်အမင်း မသုံးပါနဲ့။ လက်ဖဝါးထဲကို အနည်းငယ်သာ ညှစ်ထည့်ပြီး ဆံပင်ကို ဖွလိမ်းပေးပါ။

(5) ဆံပင်စည်းသည့်အခါ ခေါင်းဘီးသုံးပြီး ဖွပေးပါ

ဆံပင်ကို ပြားကပ်ချောမွေ့နေတဲ့ပုံ စည်းတာ၊ ထုံးတာက ဆံပင်ပါးသူတွေအတွက် ကြည့်ရဆိုး စေပါတယ်။ ဒါကြောင့် ဆံပင်ကို ခေါင်းဘီးသုံးပြီး ဖွ ပေးပါ။

(6) ဆံပင်စတပ် ညှပ်ပါ

ဆံပင်ထူတယ်လို့ ထင်ရအောင် မညီညာ တဲ့ ပုံစံမျိုး စတပ်ညှပ် ပေးပါ။ ဒီဆံပင်ပုံက မျက်နှာနဲ့ ဆံပင် အမျိုးအစားတိုင်းနဲ့ လိုက်ဖက်ပါတယ်။

(7) မှန်ကန်သောနည်းဖြင့် ခေါင်းလျှော်ပါ

ခေါင်းလျှော်တဲ့နည်းက မှန်ကန်ရင် ဆံပင်အုံထူစေပါတယ်။

(၁) ဆံပင်အရင်းနေရာတွေကိုပဲ ရှမ်ပူသုတ်လိမ်းပါ။ ပြီးရင် ဆံပင်အားလုံးအထိ ပြန့်သွားအောင် လိမ်းပါ။ ဆံပင်အဖျားတွေက ပိုခြောက်သွေ့ပြီး ပိုကြမ်းတမ်းတယ် ဆိုရင်တောင် အဲဒီနေရာတွေကို မပွတ်သပ်သင့်ပါဘူး။

(၂) ဆံပင်တွေကို ကွန်ဒီရှင်နာ ဒါမှမဟုတ် ပေါင်းဆေးလိမ်းပေးပါ။ ကွန်ဒီရှင်နာလိမ်းတဲ့အခါ ဆံပင်အရင်းတွေကိုသာ အဓိက လိမ်းပါ။

(၃) ဦးရေပြားကို ပုံမှန်အတိုင်း နှိပ်နယ်ပြီး ရေဆေးချလိုက်ပါ။ ဒီနည်းက သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး ဆဲလ်သေတွေကို ကင်းစင်စေပါတယ်။

(၄) နေ့တိုင်း ခေါင်းမလျှော်ပါနဲ့။ နေ့တိုင်း ခေါင်းလျှော်ရင် ဆံပင်ရဲ့ အကာအကွယ်အလွှာကို ကင်းစင်စေပြီး ဆံပင်သား အားပျော့ကာ ဆံပင်အုံပါးစေပါတယ်။

(8) အခြောက်လျှော် ရှမ်ပူသုံးပါ

ခေါင်းလျှော်ဖို့ အချိန်မရသူတွေအတွက် အခြောက်လျှော် ရှမ်ပူကအသုံးဝင်ပါတယ်။ ဒီရှမ်ပူနဲ့ ခေါင်းလျှော်လိုက်ရင် ဆံပင်အရင်း က အညစ်အကြေးတွေကို ကင်းစင်စေပြီး ဆံပင်ကို သန့်ရှင်းစေပါ တယ်။ ဘေဘီပေါင်ဒါမှုန့်လိမ်းပြီး ခေါင်းဖြီးလိုက်ရင်လည်း ဒီ အာနိသင်ရပါတယ်။

(9) ဆံပင်အရင်းမှစပြီး ခြောက်အောင် သုတ်ပါ

ဆံပင်လေမှုတ်စက်တွေက ဆံပင်အုံ ထူစေပါတယ်။ ဒါပေမဲ့ ဆံပင်အရင်းနေရာက စပြီး လေမှုတ်ပေးလိုက် ပါ၊ ပိုပြီး အုံထူလာပါလိမ့်မယ်။

(10) ဆံပင်ခွဲကြောင်း ပြောင်းပါ

ဆံပင်ကို သမားရိုးကျခွဲကြောင်းနဲ့ ခွဲမယ့်အစား ဆံပင်ခွဲကြောင်းကို အမျိုးမျိုး ပြောင်းကြည့်လိုက်ပါ။ ဒါဆိုရင် အုံထူ သယောင် ထင်ရစေပါတယ်။

Most Popular

Healthy Life Ad
To Top