Healthy Life Ad
Health Tips

ရေမွှေး အနံ့မပြယ်လွယ်စေမည့် လှည့်စားနည်းများ

လရိပ်မေ

မနက်ခင်း အပြင်မထွက်ခင်၊ အလုပ်မသွားခင်၊ ကျောင်း မသွားခင် ရေမွှေးဆွတ်လိုက်ပေမယ့် နောက်တစ်နာရီလောက်လည်းကြာရော အနံ့က ပြယ်သွားရော . . ဒီလို အဖြစ်မျိုး မဖြစ်စေဘဲ ရေမွှေးနံ့ကြာ ကြာ ခံစေမယ့်လှည့်စားနည်းတွေကို မျှဝေလိုက်ပါတယ်။

အနံ့မပါသော လိုးရှင်းကို အရင်လိမ်းပါ
လိုးရှင်းဆိုတာ အရေပြားမှာ ရေမွှေးကြာကြာစွဲအောင် ကူညီပေးတဲ့အရာပါ။ ဒါကြောင့် လိုးရှင်းလိမ်းပြီး ရေမွှေးဆွတ်လိုက်ရင် ပိုအနံ့စွဲစေပါတယ်။ အရေပြားက အဆီပြန်တဲ့ အမျိုးအစားဖြစ်ပြီး မစုပ်ယူနိုင်ပါဘူး။ ဒါကြောင့် အနံ့မပါတဲ့ လိုးရှင်းကို ရွေးချယ်ပြီး လိမ်းပေးပါ။ ပြီးမှ ရေမွှေးဆွတ်ပါ။

ရေမွှေးအကြောင်း အခြေခံကို မှတ်သားပါ
မတူညီတဲ့ ရေမွှေးတွေမှာ မတူညီတဲ့ သက်တမ်းတွေ ရှိပါတယ်။ သံပရာနံ့၊ လိမ္မော်နံ့၊ ရှောက်နံ့တွေက အမြန်ဆုံး အနံ့ပြယ်လွယ်စေပေမယ့် ပန်းနံ့နဲ့ ဟင်းခတ်အမွှေးအကြိုင်အနံ့တွေက ကြာကြာခံစေပါတယ်။ အရေပြားမှာ အကြာဆုံးခံတဲ့ ရေမွှေးနံ့တွေက ဗနီလာနံ့၊ သစ်သားနံ့တွေ ဖြစ်ပါတယ်။

ရေမွှေးနံ့ကို နှစ်မျိုးပေါင်းဆွတ်ပါ
လိမ္မော်နံ့၊ သံပရာနံ့လို အချဉ်အရသာရှိတဲ့ ရေမွှေးနံ့ကို ကြိုက်တယ်ဆိုရင် အနံ့စွဲမြဲစေဖို့ နောက်တစ်နည်းရှိပါတယ်။ အရင်ဆုံး ဗနီလာရေမွှေးနံ့ကို ခပ်ပါးပါးဆွတ်ပြီး လိမ္မော်နံ့၊ သံပရာနံ့ပါတဲ့ ရေ မွှေးဆွတ်ပေးပါ။

ဆံပင်ကို ရေမွှေးဆွတ်ပါ
သင့်ဆံပင်က အရေပြားထက်အနံ့တွေကို ပိုပြီး ကောင်းကောင်း ထိန်းသိမ်းထားနိုင်ပါတယ်။ သင့်ဆံပင်က ရှည်ရင်၊ မတိုမရှည်ဖြစ်ရင် ဆံပင်အဖျားတွေကို ရေမွှေးဆွတ်ပေးပါ။

အဝတ်အစားကို ရေမွှေးဆွတ်ပါ
အရေပြားပေါ် ရေမွှေးဆွတ်တာက အနံ့ပြယ်လွယ်တယ်ဆိုရင် အဝတ်အစားတွေပေါ် ရေမွှေးဆွတ်ပေးတာက ပိုကြာကြာခံစေပါတယ်။ ဒါပေမဲ့ အရောင်ဖျော့တဲ့ အဝတ်အစားတွေပေါ် ရေမွှေးမဆွတ်ပါနဲ့။ ပဝါ၊ လက်ကိုင်ပဝါလိုအရာပေါ် ရေမွှေးဆွတ်ပေးပါ။

သွေးခုန်နှုန်းများသည့် နေရာများတွင် ရေမွှေးဆွတ်ပါ
သွေးခုန်နှုန်းများတဲ့ လက်ကောက်ဝတ်နေရာ၊ လည်ပင်းနဲ့ ဒူး အတွင်းနေရာတွေမှာ ရေမွှေးဆွတ်ပါ။ ဒီနေရာတွေက အနံ့စွဲမြဲလွယ်တဲ့ နေရာတွေဖြစ်ပါတယ်။

ဆေးဗီရိုထဲမှ ရေမွှေးကို ထုတ်ပါ
ရေမွှေးကို ကြာကြာခံစေချင်ရင် ဆေးဗီရိုထဲမှာ မထားပါနဲ့။ အေးမြပြီး မှောင်တဲ့နေရာမှာ ထားပါ။ လူအများစုက ရေချိုးခန်းထဲမှာ ရေမွှေးပုလင်းကိုသိမ်းထားတတ်ကြပါတယ်။ အဲဒီနေရာမှာ စိုထိုင်းဆနဲ့ ရေငွေ့ပြန်နှုန်းများတာကြောင့် ရေမွှေးထားသင့်တဲ့ နေရာမဟုတ်ပါဘူး။

ရေမွှေးကို ထပ်ဆွတ်ပါ
သင်ဘယ်လောက်ပဲ အားထုတ်၊ အားထုတ်ရေမွှေးနံ့က နေ့ခင်းလောက်ဆိုရင် အနံ့ပြယ်သွားစမြဲ ဖြစ်နေပါသလား။ ဒါဆိုရင် ရေမွှေးပုလင်းအသေးကို သွားလေရာဆောင်ထားပြီး ပြန်ဆွတ်ပေးတဲ့ နည်းကို သုံးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top