Healthy Life Ad
Q & A

မိန်းမကိုယ် မှိုစွဲရောဂါလက္ခဏာ . . .

မေး. မိန်းမကိုယ် မှိုစွဲရောဂါလက္ခဏာလေး ပြောပြပေးနိုင်မလား။ ပိုးဝင်ရင် ဖြစ်တတ်တဲ့လက္ခဏာလေးတွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုလည်း သိချင်ပါတယ်ရှင့်။
TTSYM (FB)

ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားပေးပါသည်။

ဖြေ. အမျိုးသမီးတွေမှာ ကန်ဒီဒါမှိုစွဲရောဂါဟာ အဖြစ်များပြီး အမျိုးသမီးလေးယောက်မှာ သုံးယောက်လောက်က တစ်ခါမဟုတ်တစ်ခါ ဖြစ်တတ်ပါတယ်။ တချို့သူတွေမှာ ကန်ဒီဒါမှိုတွေဟာ အမျိုးသမီး အင်္ဂါတစ်ဝိုက်မှာ ရှိနေပေမယ့် ရောဂါလက္ခဏာ မပြတတ်ပါဘူး။ ပဋိဇီဝပိုးသတ်ဆေးတွေ သောက်တဲ့အခါ၊ ကိုယ်ခံအားနည်းချိန်၊ ကိုယ်ဝန်ဆောင်စဉ်၊ စိတ်ဖိစီးမှုများချိန်နဲ့ ဟော်မုန်းမညီမျှချိန်တွေမှာ ရောဂါလက္ခဏာအဖြစ် ယားယံတာ၊ အဖြူဆင်းတာ၊ ပူတာနဲ့ နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ရောဂါဆိုးရင် ထိရောက်တဲ့ ကုသမှုလိုအပ်ပါတယ်။ ကာကွယ်ဖို့အတွက် တင်းကျပ်တဲ့ အတွင်းခံမဝတ်ဖို့၊ မိန်းမကိုယ်ဆေးကြောဆေး၊ အနံပျောက်ဆေးတွေ မသုံးဖို့နဲ့ သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ ဖြစ်အောင်ဂရုစိုက်ပေးဖို့လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top