———၊ ဒေါက်တာတင့်ဆွေ ၊———
နို့တိုက်အရွယ် ကလေးငယ်တွေမှာ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေဖြစ်ပြီး၊ ဘေးကနီနေတယ်။ နာတယ်၊ နို့စို့ရ၊ အစာစားရ ခက်တယ်။ Moniliasis လို့လဲခေါ်တယ်။ ကလေးရဲ့လျှာကို အဝတ်သန့်သန့်လေးကို လက်ညှိုးမှာပတ်ပြီး အဖြူဖတ်တွေရှင်းပေးပါ။ Gentian Violet ဆေးပြာလိမ်းပေးလို့ရတယ်။ မိခင်နို့ကို အမြဲသန့်နေပါစေ။ လိုအပ်ရင် Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ်တိုက်ပါ။ Fungus မှိုတမျိုးကနေ ဖြစ်တယ်။ Fungus ရောဂါတွေကို Mycosis လို့လည်း ခေါ်ပြန်တယ်။ မှိုအမျိုးအစားတွေ အများကြီးဘဲ။ ခန္ဓာကိုယ်အပြင်မှာ နေရာကနေ ကိုယ်ထဲဝင်လာမယ်။ ပူလောင်စိုစွတ်ရာ နေရာတွေမှာ ပေါက်ပွားတတ်တယ်။ အရေပြား အရေး-အကြောင်းရှိရာတွေမှာ ဖြစ်တတ်တယ်။ အတွင်းခံဝတ်တဲ့နေရာမှာ ရောဂါရရင် Diaper candidiasis ခေါ်တယ်။ လက်သည်းမှာဖြစ်ရင် ကြာကြာကုရတယ်။
ကင်ဆာဆေး၊ စတီးရွိုက်ဆေး၊ ပဋိဇီဝဆေး ပေးနေရင်း မှိုရောဂါဖြစ်တတ်တယ်။ ဘက်တီးရီးယားပိုးဝင်နေတဲ့ အခါမျိုးမှာ စတီးရွိုက်ပါတဲ့ မျက်စဉ်းခတ်မိရင် မှိုရောဂါနောက်ဆက်တွဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်၊ သွေးဆုံး၊ ဆီးချိုနဲ့လဲ တွဲတတ်တယ်။ ဆီးပိုက်စတာမျိုး တပ်ထားရသူတွေမှာ မှိုရောဂါဝင်လာတတ်တယ်။ Fluconazole 100 mg/d ဒါမှမဟုတ် Itraconazole 200 mg/d ဆေး ၁၀-၁၄ ရက်ပေးတယ်။ AIDS နဲ့ လူကီးမီးယားနဲ့လဲ တွဲဖြစ်တတ်တယ်။ အစာမျိုပြွန်မှာ လာဖြစ်မယ်။ အစာမျိုရင်-ရေမျိုရင် နာမယ်။ အောက်ဆက်ဆင်းရင် ပျို့-အန်ဖြစ်မယ်။ ရေ- ဆား ခမ်းခြောက်တာ ဖြစ်လာမယ်။ ရင်ညွန့်ရိုးအောက်က နာမယ်။ မှိုက သွေးထဲရောက်ရာကနေ အထဲအင်္ဂါတွေမှာ ရောဂါရစေနိုင်တယ်။ မျက်နှာ၊ နား-နှာခေါင်း-လည်ချောင်း၊ ဦးနှောက်၊ နှလုံးသား၊ ဆိုးဝါးတဲ့ မှိုရောဂါကို ဆေးအပြင်းတွေပေး၊ ဆေးရုံတက်ကုရတာမို့ ဆေးနည်းတွေ မရေးတော့ပါ။ (၄၅%)အသက်အန္တရာယ် ထိခိုက်နိုင်တယ်။