Healthy Life Ad
Life Style

သာမန်မိဘနှင့် ပညာတတ်မိဘကြား ခြားနားချက်များ

၊ ငွေကြယ်စင်ယံ ၊

သားသမီးကို ကောင်းကောင်း ပျိုးထောင်နိုင်စွမ်းရှိစေဖို့ မိဘတွေ ဘယ်လိုလုပ်ဆောင်သင့်တယ် ဆိုတာ သာမန်မိဘနဲ့ ပညာတတ်မိဘကြား ခြားနားချက်တွေကို မျှဝေလိုက်ပါတယ်။

သာမန်မိဘ – သာမန်မိဘက သူတို့အချိန်အားလုံးကို ကလေးအတွက် ကုန်ဆုံးစေတယ်။
ပညာတတ်မိဘ – ပညာတတ်မိဘက ကလေးအတွက် လုပ်ပေးသင့်တာလုပ်ပေးပြီးရင် တရားထိုင်တဲ့နည်း၊ စာဖတ်တဲ့နည်းနဲ့ သူ့ကိုယ်သူ ပိုပြည့်ဝအောင် အားထုတ်တယ်။ ဒါကကလေးတွေအတွက် စံနမူနာ လည်းဖြစ်စေတယ်လေ။

သာမန်မိဘ – သာမန်မိဘက ပြဿနာတစ်ခုရဲ့ နောက်ဆက်တွဲကိုပဲ ဖြေရှင်းတယ်။
ပညာတတ်မိဘ – ပညာတတ်မိဘက ပြဿနာတစ်ခုရဲ့ အရင်းအမြစ်ကို ဖြေရှင်းတယ်။

သာမန်မိဘ – သာမန်မိဘက ကလေးအတွက် အဖြေထုတ်ပေးတယ်။
ပညာတတ်မိဘ – ပညာတတ်မိဘက ကလေးကို အဖြေဘယ်လိုရှာရမလဲဆိုတာ သင်ပေးတယ်။

သာမန်မိဘ – သာမန်မိဘက ကလေးတစ်ယောက် မှားလာရင် စဉ်းစာဉာဏ်မရှိဘူးလို့ ပြောတယ်။
ပညာတတ်မိဘ – ပညာတတ်မိဘက “ထပ်စဉ်းစားပါဦး၊ အဖြေတွေ့လာမှာပါ”လို့ ပြောတယ်။

သာမန်မိဘ – သာမန်မိဘက ကိုယ့်ကလေးကို တခြားကလေးနဲ့ယှဉ်ပြီး သုံးသပ်တယ်။
ပညာတတ်မိဘ – ပညာတတ်မိဘက ကိုယ့်ကလေးတွေကို သူတို့တော်သထက် တော်လာအောင် အားပေးပံ့ပိုးတယ်။

သာမန်မိဘ – သာမန်မိဘက ကလေးတွေဆီ ပြဿနာမကျရောက်အောင် အမြဲတမ်းစောင့်ရှောက်တယ်။
ပညာတတ်မိဘ – ပညာတတ်မိဘက ကလေးတွေမှာပြဿနာဖြစ်လာတဲ့အခါ ဖြေရှင်းတတ်ဖို့လမ်းညွှန်တယ်။

သာမန်မိဘ – သာမန်မိဘက သားသမီးကိုတစ်ခုခု မလုပ်စေချင်တဲ့အခါ “ဒါမလုပ်ရဘူး”လို့ အမိန့်ပေးတယ်။
ပညာတတ်မိဘ – ပညာတတ်မိဘကတော့ သားသမီးကို “ဒါလုပ်လိုက်ရင်ဖြစ်လာမယ့် အကျိုးဆက် ကိုတွေးပါ”လို့ ပြောပြတယ်။

သာမန်မိဘ – သာမန်မိဘက ကလေးတွေ အပေါ် မိဘကောင်းဖြစ်ဖို့ ကြိုးစားတယ်။
ပညာတတ်မိဘ – ပညာတတ်မိဘက စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းနဲ့ သဘာဝကျကျချစ်ခင်ဖို့ပဲ ကြိုးစားတယ်။

သာမန်မိဘ – သာမန်မိဘက ဒီလမ်းကိုသွားလို့ ညွှန်ပြတယ်။
ပညာတတ်မိဘ – ပညာတတ်မိဘက ဒီလမ်းက ဘာကြောင့် ပိုကောင်းတယ်ဆိုတာ ကလေးတွေကို ညွှန်ပြတယ်။

Most Popular

Healthy Life Ad
To Top