Healthy Life Ad
Child

ကလေးပြုစုစောင့်ရှောက်ရာတွင် မိဘတို့ သိထားသင့်သည့်အချက်များ

၊ ငွေကြယ်စင်ယံ ၊

ကလေးတစ်ယောက် မွေးကင်းစအချိန်ကစပြီး ကျန်းမာပျော်ရွှင်မှုအပြည့်၊ ဉာဏ်ရည်ထက်သန်မှုအပြည့်နဲ့ ကြီးပြင်းလာစေဖို့ မိဘတိုင်း သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

ကလေးတွေကို စကားပြောပေးဖို့ လိုပါတယ်
ကလေးတွေကို စကားပြောပေးတဲ့အခါ အကျိုးကျေးဇူးနှစ်ရပ်ရပါတယ်။ ကလေးငယ်ရဲ့ သင်ယူလေ့လာနိုင်စွမ်းတိုးတက်တာနဲ့ သင့်အပေါ် သံယောဇဉ်ချည်နှောင်မှု ရှိတာတို့ ဖြစ်ပါတယ်။ကလေးရဲ့ အသံတွေကို တုပြီးပြောပါ။ ဥပမာ- ဂူးဂူး၊ ပါပါးစတဲ့ အသံတွေကို အတုခိုးပြီး လိုက်ပြောပါ။ ပြီးရင် ကလေးရဲ့ နောက်အသံကို နားထောင်ပြီး လိုက်ပြောပါ။ ဒါက သင့်ကလေးရဲ့ အပြန်အလှန်စကားပြောဆက်သွယ်မှုကို တိုးတက်စေပါတယ်။

ကလေးတွေကို စာဖတ်ပြသင့်ပါတယ်
အရင်တုန်းက ကလေးစာအုပ်တွေကို ဖတ်ရကောင်းမှန်းမသိခဲ့ရင်တောင် အခုတော့ ဖတ်ဖို့လိုအပ်နေပါပြီ။ ကလေးအတွက် ပုံပြင်စာအုပ်တွေ ဖတ်ပြပါ။ ကလေးတွေကစာဖတ်ပြတာကို နားထောင်ရတာ သဘောကျတတ်ပါတယ်။ကလေးတွေကို စာကျယ်ကျယ်ဖတ်ပြတာကြောင့် သူကြီးပြင်းလာတဲ့အခါ စာဖတ်ဝါသနာပါတဲ့သူ ဖြစ်လာစေနိုင်ပါတယ်။

ကလေးကို အမူအရာမျိုးစုံ လုပ်ပြသင့်ပါတယ်
ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်ကို စောင့်ကြည့်လေ့လာရင်း ကြီးပြင်းလာကြပါတယ်။ ကလေးရဲ့ သင်ယူလေ့လာနိုင်စွမ်းကို တိုးတက်စေဖို့ သင့်အနေနဲ့လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးငယ်ကိုပြုံးပြတာ၊ လျှာထုတ်ပြတာ၊ မျက်နှာပြောင်လုပ်ပြတာ၊ အသံမျိုးစုံနဲ့ စကားပြောတာ စတဲ့ အမူအရာတွေက ကလေးငယ်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ကောင်းမွန်စေနိုင်ပါတယ်။ဒီလိုအမူအရာ မျိုးစုံလုပ်ပြရင် သီတင်းပတ်အနည်းငယ်အကြာမှာ ကလေးဟာ ဒီလိုအမူအရာတွေကို မှတ်သားနိုင်ပြီး အတုယူလိုက်လုပ်နိုင်လာပါလိမ့်မယ်။

ကလေးထိန်းရာမှာ အကူအညီလိုအပ်ပါတယ်
ကလေးတစ်ဦးကို ပြုစုပျိုးထောင်ရတာ မလွယ်ပါဘူး။ ကလေးကို တစ်ဦးတည်းစောင့်ရှောက်ရရင် ကြာလာတဲ့အခါ စိတ်မရှည်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် ကလေးနဲ့အတူ တီဗီကြည့်တာ၊ စာဖတ်ပြတာ၊ လမ်းလျှောက်တာ၊ ရေချိုးပေးတာတို့အတွက် သင့်အိမ်ထောင်ဖက်ကို အကူအညီတောင်းပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top