Healthy Life Ad
International

အငြင်းပွားဖွယ် မိဘသုံးဦးပါ နည်းပညာဖြင့် ကမ္ဘာ့ပထမဆုံးကလေးကိုမွေးဖွား

၊ မိုးမင်းထွန်း ၊

အငြင်းပွားဖွယ် မိဘသုံးဦးပါနည်းပညာနဲ့ ကမ္ဘာ့ပထမဆုံးကလေးကို မက္ကဆီနိုင်ငံမှာ မွေးဖွားနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ဝေဖန်သူတွေက လူသားမျိုးနွယ်ရဲ့ မျိုးဗီဇပြုပြင်ရာရောက်ပြီး ဘုရားသခင်ကို မထီမဲ့မြင်ပြုရာရောက်တယ်လို့ ပြောဆိုကြပေမယ့် ထောက်ခံသူတွေကတော့ မျိုးရိုးလိုက်ရောဂါ မျိုးဗီဇရှိသူ အမျိုးသမီးတွေ ကျန်းမာတဲ့ကလေးငယ်တွေကို မွေးဖွားနိုင်စေတဲ့အတွက် ကြိုဆိုနေကြပါတယ်။

ကလေးက အခုအခါမှာ ၅လအရွယ်ရှိနေပြီဖြစ်ပြီး မိဘတွေက ဂျော်ဒန်လူမျိုးတွေလို့ သိရပါတယ်။ အမေရိကန်ဆေးပညာရှင်တွေက မွေးဖွားပေးခဲ့တယ်လို့သိရပါတယ်။ ကလေးအမေက အာရုံကြောစနစ်ပျက်စီးစေတဲ့ မျိုးရိုးလိုက်တဲ့ Leigh syndrome ရောဂါခံစားနေရပါတယ်။ ကလေးနှစ်ယောက် မွေးဖွားဖူးပြီး မျိုးရိုးလိုက်ရောဂါကြောင့် အချိန်မတိုင်ခင် သေဆုံးသွားကြပါတယ်။ နယူးယောက် New Hope ဆေးရုံမှ ဒေါက်တာဂျွန်ဇန် ဦးဆောင်တဲ့အဖွဲ့က DNA ပါဝင်တဲ့ မိခင်ရဲ့မျိုးဥတစ်ခုမှ နယူကလိယကိုယူပြီး နယူကလိယဖယ်ထုတ်ထားတဲ့ အလှူရှင်ရဲ့ မျိုးဥထဲကိုအစားထိုးခဲ့တာပါ။

အလှူရှင်ရဲ့ အပြစ်အနာအဆာမရှိတဲ့ mitochondrial DNA ကိုတော့ ထိန်းသိမ်းထားပါတယ်။ မျိုးဗီဇအချက်အလက်တွေမပါဝင်တဲ့ mitochondrial DNA တွေက ဆဲလ်တွေကို အားသွင်းပေးတဲ့ ဘက်ထရီပုံစံမျိုး အလုပ်လုပ်ပေးကြပါတယ်။ ဒါကြောင့် တခြားသိပ္ပံပညာရှင်တွေက အရေးကြီးတဲ့ DNA တွေဟာ မိဘနှစ်ပါးဆီကသာ ရရှိတာကြောင့် မိဘသုံးယောက်ပါတဲ့ နည်းပညာဆိုပြီး မခေါ်ဝေါ်သင့်ဘူးလို့ ပြောဆိုကြပါတယ်။

ဒီနည်းပညာကို အမေရိကန်ပြည်ထောင်စုမှာ ခွင့်မပြုတာကြောင့် မက္ကဆီနိုင်ငံမှာပြုလုပ်ခဲ့ရတာပါ။ ဦးဆောင်ပညာရှင် ဒေါက်တာဇန်က လူအသက်ကို ကယ်နိုင်တယ်ဆိုရင် ဘယ်နည်းပညာမဆို ကျင့်ဝတ်နဲ့ ညီတဲ့အရာပါပဲလို့ ပြောကြားထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top