Healthy Life Ad
International

အချင်းထဲဘက်တီးရီးယားပိုးဝင်ခြင်းက လမစေ့ကလေးမွေးဖွားမှု ဖြစ်နိုင်ခြေမြင့်မား

၊ ကိုထက် ၊

လမစေ့ဘဲ ကလေးမွေးဖွားတဲ့ အမျိုးသမီးတစ်ဦး အချင်းထဲမှာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမြင့်မားစွာ တွေ့ရှိရတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

အချင်းထဲ ဘက်တီးရီးယားပိုးဝင်တာက ကိုယ်ဝန်ပတ် ၃၇ ပတ်မတိုင်ခင် စောပြီး ကလေးမွေးဖွားမှုကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ကျန်းမာတဲ့ အချင်းထဲမှာလည်း ဘက်တီးရီးယားအနည်းငယ်တွေ့ရတယ်လို့ အရင်ကယုံ ကြည်ထားပါတယ်။ ဒီဘက်တီးရီးယားတွေက ပမာဏများတဲ့အခါ လမစေ့ကလေးမွေးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာဖြစ်နှုန်းကို မြင့်မားစေပါတယ်။

လမစေ့ကလေးမွေးတဲ့ အမျိုးသမီးတွေရဲ့ အချင်းထဲမှာ မိုင်ကိုပလာစမာနဲ့ ယူရီယာပလာစမာ တို့လို ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ ပမာဏများများရှိတာကို တွေ့ရှိခဲ့ရပါတယ်”လို့ လန်ဒန်တက္ကသိုလ်ကောလိပ်မှ လိုင်ဒီယာဂျေက ဆိုပါတယ်။

လေ့လာမှုမှာ အမျိုးသမီး ၂၅၀ ကျော်ဆီက လစေ့မွေးဖွားတဲ့ အချင်းနဲ့ လမစေ့မွေးဖွားတဲ့ အချင်းနှစ်မျိုးစလုံးကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။လမစေ့ကလေးမွေးဖွားခြင်းက ကလေးတွေမှာစိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုတွေနဲ့ဆက်နွှယ်မှုရှိပြီး မွေးကင်းစကလေး သေဆုံးမှုကိုအဖြစ်များစေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

“ကိုယ်ဝန်ဆောင်ချိန်အတွင်း ဘက်တီးရီးယားပိုးဝင်မှုကို ကောင်းကောင်း နားလည်သဘောပေါက်ထားရင် လမစေ့ကလေးမွေးဖွားမှုမဖြစ်အောင် ကုသမှုတွေကို ဦးတည်လုပ်ဆောင်နိုင်လာမှာပါ”လို့ လိုင်ဒီယာက ဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top