Healthy Life Ad
Q & A

ရေမြွှာနည်းလို့ပါ

မေး ။ ရေမြွှာနည်းတယ်ပြောလို့ပါ။ ရေမြွှာများအောင် ဘယ်လိုပြန်လုပ်လို့ရပါသလဲရှင်။ ၆လပိုင်းတုန်းက ရိုက်ထားတာ ရေမြွှာက ၁၄ ရှိတယ် ပြောပါတယ်ရှင့်။ မနေ့ပြန်ရိုက်ခိုင်းတော့ ရေမြွှာက ၉ပဲရှိတယ်လို့ ပြောပါတယ်။ အိုဂျီက ၉လပိုင်း ၄ရက်နေ့ထိ စောင့်ပေးမယ်။ အဲဒီအချိန်အထိ မမွေးသေးရင် ခွဲမွေးမယ်ပြောပါတယ်။ ဒေါက်တာ ကျွန်မက ရိုးရိုးပဲ မွေးချင်လို့ပါ။ ဘယ်လိုပြန်လုပ်ရပါသလဲရှင်။

ဒေါက်တာမိုးအောင်ကျော်နိုင်( အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ ရေအိတ်ထဲမှာ သန္ဓေသားက ကြီးထွားလာတာဖြစ်ပါတယ်။ ရေမြွှာက သန္ဓေသားအတွက် မရှိမဖြစ် လိုအပ်တဲ့ ပမာဏဖြစ်ပြီး အကြောင်းကြောင်းကြောင့် ရေမြွှာနည်းတတ်တယ်။ ရေမြွှာရဲ့ သဘောက လရင့်လာတာနဲ့အမျှ ဖြည်းဖြည်းချင်း နည်းနည်းသွားပါတယ်။ ကိုယ်ဝန် ၃ လနဲ့ ၅ လ ကြားမှာဆိုရင် ဗိုက်စမ်းလိုက်ရင် ကလေးရဲ့ ခေါင်းလေးက မျောနေတော့ စမ်းလို့ရပါတယ်။ လနုစဉ် မှာ ရေမြွှာက များတယ်၊ လရင့်လာတာနဲ့အမျှ ရေမြွှာရဲ့ သဘောက တဖြည်းဖြည်း လျော့နည်းလာတယ်။ ဒါကြောင့် အာထရာဆောင်းရိုက်ရင်လည်း ရေမြွှာပမာဏကို တိုင်းလို့ရပါတယ်။ ရေမြွှာက ရှိသင့်တာထက် နည်းနေတယ်၊ များနေတယ်ဆိုရင် သားဖွားမီးယပ်အထူးကု ဆရာဝန်က အသေးစိတ် စစ်ဆေးပေးပြီး သင့်တော်တဲ့ အကြံဉာဏ်ပေးမှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top