Healthy Life Ad
Life Style

တစ်နေ့ ရေ ဘယ်လောက် သောက်သင့်သလဲ . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

ယေဘုယျအားဖြင့် အရွယ်ရောက်တဲ့ လူတစ်ယောက်ဟာ ရေကို အနည်းဆုံး ၂ လီတာကနေ ၄ လီတာအထိသောက်လို့ရပါတယ်။ အမျိုးသားဆိုရင် တစ်နေ့မှာ ရေ ၁၃ခွက်( ၃လီတာ)၊ အမျိုးသမီးဆိုရင် တစ်နေ့မှာ ရေ ၉ ခွက်(၂လီတာကျော်) လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက်မှာ နေထိုင်စားသောက်မှုပုံစံကွဲပြားတဲ့အတွက် သောက်သင့်တဲ့ ရေပမာဏကတော့ မတူပါဘူး။ နေ့တိုင်း အသက်ရှူတာ၊ ချွေးထွက်တာ၊ ဆီးသွားတာ၊ ဝမ်းသွားတာ စတဲ့ နည်းတွေနဲ့ခန္ဓာကိုယ်ကနေ ရေဓာတ် ဆုံးရှုံးနေပါတယ်။

လေ့ကျင့်ခန်း
လေ့ကျင့်ခန်းလုပ်တဲ့သူက ချွေးထွက်ပိုများတဲ့ အတွက် ရေကို ပိုလိုအပ်ပါတယ်။ အလုပ်အကိုင်အရ အပြင်ထွက်ပြီး လှုပ်ရှားသွားလာနေရသူဆိုရင် အခန်းထဲမှာ ထိုင်ပြီး လုပ်ကိုင်ရသူထက် ရေကို ပိုပြီး လိုအပ်နေပါတယ်။

ရာသီဥတု
ပူတဲ့အခါ ခန္ဓာကိုယ်က ချွေးထွက်ပိုများတဲ့အတွက် ရေကို ပိုသောက်သင့်ပါတယ်။

အစားအသောက်
ဟင်းချို၊ စွပ်ပြုတ်၊ ချဉ်ဟင်း စတဲ့ ဟင်းအရည်တွေကနေ ရေဓာတ်ရရှိသလို သစ်သီးဝလံတွေကနေလည်း ရေဓာတ်ရရှိပါတယ်။ ရေနွေးကြမ်း၊ ဖျော်ရည် တွေကနေလည်း ရေဓာတ်ရရှိနေပါတယ်။

အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း
အန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာနဲ့ နေထိုင်မကောင်းတာတွေဖြစ်နေချိန်မှာ ရေဓာတ်ပိုလိုအပ်ပါတယ်။ အထူးသဖြင့် အန်ပြီး ဝမ်းလျှောနေချိန်မှာ ရေသာမက ဆားဓာတ်ပါ ပိုလိုအပ်တဲ့အတွက် ဓာတ် ဆားရည်သောက်သင့်ပါတယ်။

အကြမ်းအားဖြင့် ပြောရရင် အခန်းထဲမှာ ငြိမ်ငြိမ်ထိုင်ပြီး အလုပ်လုပ်သူတွေအနေနဲ့ ရေ ၈ခွက်နဲ့ အထက် သောက်သင့်ပြီး ချွေးထွက်အောင် အလုပ်လုပ်ရသူတွေကတော့ ရေ ၁၂ ခွက်နဲ့အထက် သောက်သင့်ပါတယ်။ အထူးသဖြင့် ကိုယ်သွားတဲ့ ဆီးအရောင်ကို ကြည့်ရပါမယ်။ ဆီးအရောင်က ရင့်နေရင် ရေကိုပိုသောက်ဖို့လိုအပ်နေပါတယ်။ မိခင် နို့ချိုတိုက်ကျွေးနေချိန်မှာ ရေများများသောက်ဖို့လို အပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top