Healthy Life Ad
International

သူငယ်ပြန်မှတ်ဉာဏ်လျော့နည်းရောဂါကို ပျောက်ကင်းစေသည့် ဆေးဝါးသစ်တစ်မျိုးတီထွင်

၊ မိုးမင်းထွန်း ၊

ယူကေနိုင်ငံမှာ နှစ်စဉ် လူ ၈၅၀ဝ၀ဝခန့် အယ်လ်ဇိုင်းမားရောဂါနဲ့ သူငယ်ပြန်မှတ် ဉာဏ်ချို့ယွင်းတဲ့ အမျိုးအစားရောဂါတွေ နှစ်စဉ်ဖြစ်ပွားနေပြီး ၃မိနစ်တိုင်း လူတစ်ယောက်မှာ ဖြစ်ပွားနေပါတယ်။ စတာလင်ပေါင် ဘီလီယံချီသုတေသန လုပ်ထားခဲ့ပေမယ့် လက်ရှိဆေးတွေက အကန့်အသတ်နဲ့သာ အသုံးဝင်နေပါတယ်။ အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ကုသပေးနိုင်မယ့် ဆေးဝါးအသစ်တစ်ခုကို သိပ္ပံပညာရှင်တွေက အခုအခါ မိတ်ဆက်ပေးလိုက်ပါတယ်။

စမ်းသပ်မှုတွေအရ ကောင်းမွန်တဲ့ရလဒ်တွေရရှိခဲ့ပြီး ရောဂါကိုတိုက်ဖျက်နိုင်မယ့် ဆေးဝါးအဖြစ် အားလုံးက မျှော်လင့်နေကြပါတယ်။ ရောဂါအနုအရင့်အလိုက် အမျိုးအစားစုံပါဝင်တဲ့ လူနာ ၁၆၅ ဦး ပါဝင်စမ်းသပ်ခဲ့တဲ့ရလဒ်အရ ဆွစ်ဇာလန် ဇူးရစ်တက္ကသိုလ်မှတီထွင်တဲ့ Aducanumab ဆေးက ဦးနှောက်ကိုပိတ်ဆို့၊ ဆဲလ်တွေအဆိပ်သင့်သေဆုံးစေတဲ့ Amyloid ပရိုတင်းကို ဖယ်ရှားနိုင်တာကို တွေ့ခဲ့ရပါတယ်။

လစဉ်ဆေးပေးခံရတဲ့ အမျိုးသား၊ အမျိုးသမီး လူနာတွေမှာ တစ်နှစ်ကြာပြီးနောက် Amyloid ပရိုတင်းတွေ ကင်းစင်သွားတာကို တွေ့ရပါတယ်။ ထမင်းချက်၊ အမှိုက်ပစ်တာလို နိစ္စဓူဝလုပ်ငန်းစဉ်တွေကို ကောင်းကောင်း မမှတ်မိသူတွေမှာတောင် ဆေးသောက်တာ ၆လကြာပြီးနောက်မှာ အခြေအနေကောင်းလာကြတာကိုလည်း တွေ့ရှိရပါတယ်။ ရောဂါဖြစ်နိုင်ခြေရှိသူတွေလည်း ဒီဆေးကိုမှီဝဲပေးရင် ကာကွယ်နိုင်မယ်လို့သိရပါတယ်။ ဝေဒနာရှင် ၂၇၀ဝဦးနဲ့ နောက်ထပ်စမ်းသပ်ဖို့ ပြင်ဆင်နေပြီး စမ်းသပ်မှုကို ၂၀၂၀ပြည့်နှစ်မှာ အပြီးသတ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ လူတွေမှာ ဘေးထိုးဆိုးကျိုး ရှိ၊ မရှိ လူအများကြီးနဲ့ စမ်းသပ်ဖို့လိုသေးကြောင်း တီထွင်သူတွေကပြောပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top