Healthy Life Ad
Health Tips

ကိုယ်နေဟန်ထား စမတ်ကျစေမည့် အလွယ်နည်း သုံးသွယ်

ငွေကြယ်စင်ယံ
အချိန် ၁၅ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်လိုက်ရုံနဲ့ ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားကို မရနိုင်ပါဘူး။ သင်ရဲ့ ကိုယ်ဟန်ကို ခဏလေးနဲ့တော့ ကောင်းမွန်လှပတဲ့ ပုံစံအဖြစ် မပြောင်းလဲနိုင်ပါဘူး။ အလေးမတာနဲ့ အကြောဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးရင် ကိုယ်နေဟန်ထားကို စမတ်ကျလှပစေပါတယ်။

(၁) မှန်ကြည့်ပြီး လေ့ကျင့်ပါ
ပခုံးတွေကို မတ်မတ်ထားပြီး မှန်ရှေ့မှာ မတ်တတ်ရပ်ပေးပါ။ ရင်ဘတ်ကိုမြှင့်ထားပြီး မေးစေ့ကို အနည်းငယ်ချွန်ထားကာ ဦးခေါင်းကို ပခုံးပေါ်မှာ မတ်နေပါစေ။ ဝမ်းဗိုက်ကို ရှပ်ထားပြီး ဒူးတွေကို ဖြေလျှော့ထားလိုက်ပါ။ ဒီအနေအထားအတိုင်းဆိုရင် သင့်အနေနဲ့ ကြည့်ကောင်းသလို စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။

(၂) နံရံတစ်ခုရှေ့တွင် လေ့ကျင့်ပါ
နံရံရှေ့တွင် ကျောပေးပြီး မတ်မတ်ရပ်ပါ။ ခြေဖနောင့်တွေကို နံရံနဲ့ ခြောက်လက်မအကွာ ချဲထားပြီး ခေါင်း၊ ပခုံး စတာတွေက နံရံနဲ့ထိနေပါစေ။ ကျောပြင်ရှိ ကွေးနေတဲ့နေရာ ဖြောင့်တန်းစေဖို့ ဝမ်းဗိုက်ကို ချပ်ရပ်ထားပါ။ သင့်နောက်ကျောနဲ့ နံရံကြားအကွာအဝေးက နေရာလွတ်အနည်းငယ်ပဲ ရှိသင့်ပါတယ်။

(၃) ကုလားထိုင်ပေါ် ထိုင်ပါ
ကုလားထိုင်ပေါ် ထိုင်တဲ့အခါ ခြေဖဝါးကို ကြမ်းပြင် ဒါမှမဟုတ် ခုံပုတစ်လုံးပေါ်တင်ပြီး ဒူးဟာ တင်ပါး နဲ့ တစ်တန်းတည်းရှိပါစေ။ ဦးခေါင်းက မျက်နှာကျက်ဆီကို ဦးတည်ပြီး မေးစေ့ကို အနည်းငယ် မြှင့်ထာပါ။ နောက်ကျောက သက်သောင့်သက်သာရှိစေဖို့ ခေါင်းအုံးတစ်လုံးကို ခုထားပေးပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top