Healthy Life Ad
Q & A

စိတ်လှုပ်ရှားရင် သွေးတိုးပြီး သွေးချိုတက်တတ်သလား . . .

မေး။ ။ စိတ်လှုပ်ရှားမှုဖြစ်ရင် သွေးပေါင်တက်တယ်လို့ ကြားဖူးပါတယ်၊ ပြီးတော့ သွေးချိုပါတက်တတ်တယ်လို့ သိရပါတယ်။ အဲဒါ ဟုတ်ပါသလား။ စိတ်လှုပ်ရှားမှု ဖြစ်ရင် နောက်ဆက်တွဲ ဘယ်လို ဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ စိတ်လှုပ်ရှားမှုဖြစ်ရင်၊ ကြောက်လန့်တုန်လှုပ်စရာတွေနဲ့ ကြုံတွေ့ရင် ကိုယ်ခန္ဓာထဲက အက်ဒရီနယ်ဂလင်းထဲက ဟော်မုန်းတွေစစ်ထုတ်မှု ပိုလာပါတယ်။ အကျိုးဆက်အားဖြင့် သွေးတိုးလာတာတွေ၊ သွေးတွင်း သကြားဓာတ် တက်လာတာတွေ ဖြစ်စေပါတယ်။ ဆက်တိုက်လိုလို ဖြစ်နေမယ်၊ မကြာမကြာ ဖြစ်နေမယ်ဆိုရင် ရေရှည်မှာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ စတဲ့ ရောဂါတွေဖြစ်စေနိုင်တာကြောင့် စိတ်အေးချမ်းတည်ငြိမ်မှု ရှိအောင် အတတ်နိုင်ဆုံး ကြိုးစားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top