Healthy Life Ad
Life Style

ဆွဲဆောင်မှု အားနည်းသူတို့တွင် ရှိသည့် အချက်များ

စူး ( ဆေးဝါးတက္ကသိုလ် )
တချို့သော ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အမူအကျင့်တွေက တခြားသူတွေကို ဆွဲဆောင်နိုင်စွမ်း အားနည်းတတ်ပါတယ်။

(၁) စိတ်ဖိစီးမှုများခြင်း
၂၀၁၃ လေ့လာမှုအရ သူတို့ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောအဆင့်မြင့်မားသူ အမျိုးသမီးတွေက အမျိုးသားတွေအပေါ် ဆွဲဆောင်မှုအား လျော့နည်းကြောင်း တွေ့ရှိရပါတယ်။

(၂) ရိုးသားမှု မရှိခြင်း
လိမ်ညာတာက လူတွေမှာရှိတဲ့ ဆွဲဆောင်မှုမရှိဆုံး အချက်ပဲ ဖြစ်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဘယ်လောက်သေးငယ်တဲ့ လိမ်ညာမှုဖြစ်ပါစေ လိမ်ရင် ဆွဲဆောင်နိုင်စွမ်း ထိခိုက်စေပါတယ်။

(၃) အိပ်ရေးပျက်ခြင်း
အိပ်ချိန်နည်းပြီး အိပ်ရေးပျက်တဲ့သူတွေကလည်း တခြားသူတွေအပေါ် ဆွဲဆောင်နိုင်စွမ်း ပိုနည်းနေတတ်ပါတယ်။

(၄) သမာသမတ်မကျခြင်း
တခြားသူအပေါ် အမြတ်ထုတ်ချင်တဲ့သူ၊ သူ့ဘက် ကိုယ့်ဘက် မျှမျှတတ မကြည့်ဘဲ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေကလည်း ဆွဲဆောင်မှု လျော့နည်းတတ်ပါတယ်။

(၅) နေပုံထိုင်ပုံ ကို့ရို့ကားယားနိုင်ခြင်း
လူတွေနဲ့တွေ့ရင် ပခုံးလျှောထိုင်တာ၊ လက်ပိုက်ထားတာ၊ ခြေချိတ်ထိုင်တာ စတဲ့ ယဉ်ကျေးမှု မရှိတဲ့ နေပုံထိုင်ပုံကလည်း ဆွဲဆောင်မှု နည်းတဲ့ အချက်ပါပဲ။

(၆) ပျင်းရိခြင်း
ပျင်းရိသူဟာ တခြားသူတွေရဲ့ အမြင်မှာလည်း ပျင်းစရာကောင်းနေတတ်ပါတယ်။

(၇) အမြဲ ရွှင်မြူးနေခြင်း
ကြည့်လိုက်ရင် လိုတာထက် ပိုပြီး ရွှင်မြူးနေတတ်တဲ့ သူတွေကလည်း ဆွဲဆောင်မှု လျော့နည်းတတ်ပါတယ်။

(၈) ဘဝင်မြင့်ခြင်း
ဘဝမြင့်လွန်းတဲ့ အမျိုးသမီးတွေက အမျိုးသားတွေအမြင်မှာ ဆွဲဆောင်နိုင်စွမ်း မရှိသလို မာန်တက်တဲ့ အမျိုးသားတွေကလည်း ဆွဲဆောင်မှု အားနည်းတတ်ပါတယ်။

(၉) ကိုယ်နံ့မကောင်းခြင်း
ကိုယ်နံ့မကောင်းတာကလည်း လူ့အဖွဲ့အစည်း ထဲမှာ ဆွဲဆောင်အား မရှိတဲ့ အချက်ပါပဲ။

(၁၀) ဟာသဓာတ်ခံ မရှိခြင်း
ဟာသဓာတ်ခံ မရှိတဲ့ သူတွေကလည်း တခြား သူတွေအမြင်မှာ ဆွဲဆောင်နိုင်စွမ်း လျော့ကျတတ် ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top