Healthy Life Ad
Q & A

အင်ပျဉ်ထတဲ့အခါ သက်သာရာရစေဖို့ . . .

ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး)

မေး။ ။ ကျွန်တော့်အရေပြားက မကြာခဏ အင်ပျဉ်ထတတ်လို့ပါ။ ယားလို့ ကုတ်မိရင် အနာဖြစ်မှာစိုးလို့ အင်ပျဉ်ထတဲ့အခါ သက်သာရာရစေဖို့ ဘယ်လို အချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာမ။
ကိုထွန်းဇော်၊ မကွေးမြို့။

ဖြေ။ ။ အင်ပျဉ်ထတဲ့အခါ သက်သာရာရစေဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

– အင်ပျဉ်ထတဲ့အခါ အဝတ်အစားကျပ်ကျပ်ဝတ ရင် ပိုယားတတ်တဲ့အတွက် ပွပွချောင်ချောင် ချည်သား အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ရပါမယ်။

– အင်ပျဉ်ထတဲ့သူဟာ ခန္ဓာကိုယ်အပူချိန် အပြောင်းအလဲကို သတိထားရပါမယ်။ ရာသီဥတု ပူလွန်းရင် နားနေပြီး အေးတဲ့ နေရာမှာ နေသင့်ပါတယ်။

– အအေးနဲ့ မတည့်တဲ့ အင်ပျဉ်ဖြစ်တတ်သူတွေက ရေကူးရင်တောင် တစ်ယောက်တည်း မကူးသင့်ပါဘူး။ အဝတ်အစားရေစိုနေရင် မြန်မြန်လဲသင့်ပါတယ်။

– နေရောင်နဲ့ မတည့်လို့ အင်ပျဉ်ဖြစ်တတ်သူတွေက နေရောင်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။

– စိတ်ဖိစီးမှုများရင် ခန္ဓာကိုယ် အပူချိန်တက်ပြီး ယားလာတတ်လို့ စိတ်ဖိစီးမှု မများအောင် တရားထိုင်တာ၊ ယောဂကျင့်တာတို့ ပြုလုပ်သင့်ပါတယ်။

– အင်ပျဉ်ထတတ်တဲ့သူက ပူလွန်း၊ အေးလွန်းတဲ့ ရေကို မချိုးသင့်ပါဘူး။

– အကိုက်အခဲသက်သာစေတဲ့ ဆေးတွေကို သတိထားရပါမယ်။

– အင်ပျဉ်အတွက် အစားအသောက်ကို ဂရုစိုက်ရပါမယ်။ ဆိုးဆေးပါတဲ့ အစာတွေကို သတိထားရပါမယ်။ အရက်က သွေးကြောကျယ်စေတဲ့အတွက် ရှောင်သင့်ပါတယ်။

– ရာသီဥတုပူရင် လှုပ်ရှားမှု မများအောင် သတိထားပြီး နေထိုင်သင့်ပါတယ်။

– ပူလွန်းတဲ့ ပတ်ဝန်းကျင်မှာ မနေသင့်ပါဘူး။ အရေပြားအေးမြစေမယ့် အသားအရေထိန်းပစ္စည်းတွေကိုပဲ သုံးသင့်ပါတယ်။

– အင်ပျဉ်ဖြစ်လိုက်၊ ပျောက်လိုက် သံသရာလည်နေချိန်မှာ အလှပြင်ပစ္စည်း၊ ဆံပင်ဆိုးဆေးနဲ့ အသားအရေထိန်းပစ္စည်း အသစ်တွေကို ပြောင်းပြီး မသုံးသင့်ပါဘူး။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top