Healthy Life Ad
Life Style

အသားအရေလှချင်တဲ့ ပျိုမေတို့အတွက် . .

၊ လရိပ်မေ ၊

– နေ့စဉ် ၄၅မိနစ်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ
ခပ်သွက်သွက် လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ကြိုးခုန်တာ စတဲ့ လေ့ကျင့်နည်းတွေဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက် ကောင်းသလို အသားအရေကို လှပစေပါတယ်။

– အသားအရေကို ငြင်ငြင်သာသာ သန့်စင်ပါ
မျက်နှာအသားအရေကို ပွတ်တိုက်ပြီး ကြေးချွတ်သန့်စင်တာမျိုး မလုပ်ပါနဲ့။

– ချွေးထွက်သည်အထိ လှုပ်ရှားပါ
ချွေးထွက်အောင်လှုပ်ရှားမှုလုပ်တာ ဒါမှမဟုတ် ပေါင်းခံချွေးထုတ်တာတွေကို တစ်ပတ်တစ်ကြိမ် လောက်ပြုလုပ်ပေးပါ။ ဒီနည်းဟာ ချွေးကနေတစ်ဆင့် အဆိပ်အတောက်တွေ ထွက်သွားစေပြီး အ သားအရေကို ကြည်စင်သွားစေပါတယ်။

– ချွေးထွက်ပြီးနောက် သန့်စင်ပါ
ချွေးထွက်ပြီးချိန်မှာ မျက်နှာကိုစင်ကြယ်အောင် သန့်စင်ပေးတာက ချွေးပေါက်ပိတ်ဆို့မှု ကင်းစေပြီး မျက်နှာအသားအရေကို သန့်စင်စေပါတယ်။

– ဆံပင်အဆီပြန်လျှင် နေ့စဉ်ခေါင်းလျှော်ပေးပါ
ဆံပင်ပေါ်က အဆီတွေဟာ မျက်နှာအသား အရေပေါ် ကျရောက်ပြီး မျက်နှာကို ဝက်ခြံပေါက်တာမျိုး ဖြစ်စေနိုင်ပါတယ်။

– ကြမ်းတမ်းသော အသားအရေထိန်းပစ္စည်းများ ရှောင်ပါ
ဝက်ခြံပေါက်နေချိန်မှာ ကြမ်းတမ်းတဲ့ မျက်နှာသစ်ဆေး၊ မျက်နှာပေါင်းတင်ဆေး၊ ချွေးပေါက်ကျဉ်း ဆေးရည်စတဲ့ အမျိုးအစားတွေအစား အပျော့စားအ သားအရေထိန်းပစ္စည်းတွေကို သုံးသင့်ပါတယ်။

– မျက်နှာကို ညင်သာသော သန့်စင်ပစ္စည်းဖြင့် ဆေးပါ
မျက်နှာကို ပျော့ပျောင်းတဲ့ မျက်နှာသစ်ဆပ် ပြာရည် (Mild Cleanser) သုံးပြီး ကြက်သီးနွေးရေနဲ့ သန့်စင်ပါ။

– ဟင်းသီးဟင်းရွက် စားပါ
နေ့စဉ်နေ့တိုင်း ခန္ဓာကိုယ်မှ အဆိပ်အတောက် ကင်းဝေးစေမယ့် အစားအစာတွေကို အနည်းဆုံး သုံးကြိမ်စားပါ။ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်၊ ရေကညွတ်၊ကန်စွန်းရွက်၊ ဘလူးဘယ်ရီသီး၊ ချင်း (ဂျင်း) နဲ့ နနွင်းတို့ဟာ အဆိပ်အတောက် ပြေစေတဲ့ အကောင်းဆုံးအစားအ စာတွေပဲ ဖြစ်ပါတယ်။

– ဝက်ခြံကို လက်နှင့် မဆိတ်ရ
ဝက်ခြံကို လက်နဲ့ ဖဲ့ဆိတ်တာ၊ ညှစ်တာမျိုးက ဝက်ခြံကို ချက်ချင်းပျောက်စေနိုင်တယ်လို့ သင်ထင်ထားပေမယ့် တကယ်ကတော့ ပိုဆိုးသွားစေတာပါ။ ဒါ့အပြင် ဆိုးရွားတဲ့အမာရွတ်တွေကိုထင်စေပြီး တစ် သက်လုံးမပျောက်နိုင်တော့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

– ဆေးလိပ်ရှောင်ပါ
ဆေးလိပ်သောက်တာနဲ့ သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှုရှိုက်တာတွေဟာ ခန္ဓာကိုယ်ထဲကို အဆိပ်တွေ သွင်းယူနေရာရောက်ပါတယ်။

– အရက်ကို အလွန်အကျွံ မသောက်သင့်
အရက် မသောက်တာ အကောင်းဆုံးပါ။ အရက်ကို အလွန်အကျွံ သောက်ရင် အသားအရေကို ဖောင်းပွနီမြန်းစေနိုင်သလို တချို့သူတွေမှာ ဝက်ခြံနဲ့ တခြားဓာတ်မတည့်တဲ့ အဖုအပိမ့်တွေ ဖြစ်ပေါ်စေ နိုင်ပါတယ်။

– ယောဂကျင့်ပါ
ယောဂလေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ပေး ရင် အရွယ်တင် နုပျိုစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top