Healthy Life Ad
Health Tips

ကလေးလူကြီးအားလုံးသန်ထခြင်း ကင်းစေရန်

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

ဗိုက်ထဲမှာ သန်ကောင်တွေရှိတဲ့အခါ ဗိုက်နာတာ၊ ဝမ်းပျက်တာ၊ အစားအသောက်ပျက်တာ၊ စအိုတစ်ဝိုက်ယားယံတာ၊ သွေးအားနည်းတာ၊ အင်ပျဉ်ထတာ စတဲ့ ဝေဒနာတွေဖြစ်တတ်ပါတယ်။ သန်ကောင်ကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ အူပိတ်တာ၊ ကိုယ်အလေးချိန်မတက်တာ၊ အသည်းမှာ ပြည်တည်တာစတဲ့ ဝေဒနာတွေအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သန်ကောင်ထတာ မဖြစ်စေဖို့ ကလေးလူကြီးအားလုံး အောက်ပါနည်းလမ်းတွေကို လိုက်နာ သင့်ပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေး ထိန်းသိမ်းပါ
လက်ကို စင်ကြယ်စွာ ဆေးကြောဖို့ အရေးကြီးသလို လက်သည်းကို သေချာညှပ်ပေးရပါမယ်။ လက်သည်းတွေကြားထဲ ကြေးတွေမဝင်အောင် အထူးဂရုစိုက် ရပါမယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားရပါမယ်။

(၂) အစာမစားမီနှင့် အိမ်သာတက်ပြီးချိန်တွင် လက်ကို သေချာစွာဆေးပါ
အစာမစားခင်နဲ့ အိမ်သာတက်ပြီး ချိန်တွေမှာလက်နှစ်ဖက်စလုံးကို ဆပ်ပြာနဲ့ ရေသုံးပြီး သေသေချာချာ နှံ့စပ်အောင် ပွတ်တိုက်ပြီး ဆေးကြောပေးရပါမယ်။

(၃) ဝက်သားကို ကောင်းစွာ ချက်ပြုတ် စားသောက်ပါ
ဝက်သားဟင်းစားတဲ့အခါ ကောင်းစွာကျက်တဲ့အထိ အပူပေးချက်ပြုတ်ပြီးမှ စားသုံးသင့်ပါတယ်။

(၄) အစားအသောက်ကို သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်စားသုံးပါ
သန်ကောင်ဥတွေ ကပ်နေတဲ့ အစားအသောက်တွေစားမိရင် တချို့သန်ကောင် အမျိုးအစားတွေက ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်တဲ့အတွက် ဖြစ်နိုင်ရင် သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်စား သင့်ပါတယ်။

(၅) ခြောက်လတစ်ကြိမ် သန်ချဆေးသောက်ပါ
ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ အသည်းရောဂါရှိသူတွေကတော့ သန်ချဆေးမသောက်သင့်ပါဘူး။ ယေဘုယျအားဖြင့် သာမန်လူတွေဟာ ခြောက်လ တစ်ကြိမ် သန်ချဆေးသောက်သင့်ပါတယ်။ ကလေးတွေဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သန်ချဆေးတိုက် ကျွေးပေးရပါမယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top