Healthy Life Ad
Life Style

နံနက်ခင်း အသားအရေ ထိန်းသိမ်းနည်း

၊ ငွေကြယ်စင်ယံ ၊

အခုခေတ်မှာ အသားအရေထိန်းသိမ်းဖို့ အရေးကြီးတယ်ဆိုတာ မိန်းကလေးကြီးငယ်မရွေးသဘောပေါက် လက်ခံလာကြပါပြီ။ အဲဒီအတွက် မနက်ခင်းမှာ ဘယ်လိုအသားအရေထိန်းသိမ်းပေးသင့်သလဲဆိုတာ ဖော်ပြလိုက်ပါတယ်။ မျက်နှာကို ရေနဲ့စင်ကြယ်အောင် ဆေးကြောလိုက်ပါ။ သင့်အသားအရေက ဝက်ခြံထွက်လွယ်တယ်ဆိုရင် ဒါမှမဟုတ်အဆီပြန်လွယ်တယ်ဆိုရင် အရေပြားကို ညင်ညင်သာသာပဲသန့်စင်ပါ။ လက်နဲ့ပွတ်တိုက်ပြီး သန့်စင်တာမျိုးမလုပ်ပါနဲ့။

အဆင့် (၁) မျက်ဝန်းလိမ်းခရင်မ်
မျက်ဝန်းတစ်ဝိုက်က အရေပြားတွေဟာ ပါးပြီး အဆီဂလင်းနည်းပါးတာကြောင့် အဲဒီနေရာက အရေပြားဟာ မြန်မြန်ခြောက်သွေ့ကာ အရေးကြောင်း ထင်လွယ်ပါတယ်။ ဒါကြောင့် မျက်လုံးလိမ်းခရင်မ်ကို များများလိမ်းပေးပါ။

အဆင့်(၂) အင်တီအောက်ဆီးဒင့်ပါသော ဆီရမ် (Antioxidant Serum)
အင်တီအောက်ဆီးဒင့်ပါတဲ့ ဆီကြည်ခရင်မ်ဟာ ပတ်ဝန်းကျင်ကြောင့် အရေပြားထိခိုက်နွမ်းနယ်တာကို သက်သာစေပါတယ်။

အဆင့် (၃) နေရောင်ကာနိုင်သောအစိုဓာတ်ထိန်း ခရင်မ်
နေရောင်ကာနိုင်တဲ့ SPE ပါ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးတာက အရေပြားကို အရွယ်မရွေး တင်းရင်းစိုပြေနေစေပါတယ်။

ပုံမှန်အသားအရေပိုင်ရှင်များ အထူးလိုက်နာသင့်တာက-
စေးကပ်တာမျိုးမရှိတဲ့ လိုးရှင်းကို လိမ်းပေးတာက အရေပြားကို နူးညံ့စိုပြေစေပါတယ်။

အဆီပြန်သော အသားအရေပိုင်ရှင်များ အထူးလိုက်နာသင့်တာက-
အဆီဓာတ်မပါတဲ့ လိုးရှင်းကို လိမ်းပါ။

ခြောက်သွေ့သော သို့မဟုတ် ထိခိုက်လွယ်သော အသားအရေပိုင်ရှင်များအတွက်
အနံ့မပြင်းတဲ့၊ နူးညံ့တဲ့ လိုးရှင်းမျိုးကို ရွေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top