Healthy Life Ad
Health Tips

ပေါ့ပါးသွက်လက်စေမည့် အလွယ်ကျင့်စဉ်

လရိပ်မေ
တစ်ကိုယ်လုံး ပေါ့ပါးသွက်လက်ပြီး နေထိုင်လို့ကောင်းတဲ့ ကျင့်စဉ်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မတ်မတ်ရပ်ပါ
ပေါင်ဘေး တစ်ဖက်တစ်ချက်စီမှာ လက်နှစ်ဖက်ချပြီး လက်ဖဝါးတွေကို ရှေ့ဘက်ဖြန့်ထားပါ။ ဒီအနေအထားမှာ အသက်ပြင်းပြင်း ရှူသွင်းပေးပါ။

(၂) လက်မြှောက်ပါ
အသက်ရှူသွင်းရင်း လက်နှစ်ဖက်ကို ခေါင်းအထက်မြှောက်လိုက်ပါ။

(၃) ခေါင်းငုံ့ပါ
အသက်ရှူထုတ်ရင်း ခန္ဓာကိုယ်ကို မတ်မတ်ထားကာ ရှေ့သို့ကွေးလိုက်ပါ။ တကယ်လို့လိုအပ်ရင် ဒူးကွေးလိုက်ပါ။

(၄) ကိုယ်တစ်ဝက် ကိုင်းပါ
အသက်ရှူသွင်းရင်း ခါးကို ဆန့်ထားတဲ့ အနေအထားနဲ့ခန္ဓာ ကိုယ်ကို တစ်ဝက်ကိုင်းပါ။ လက်တွေကို ခြေချောင်းတွေဆီဖြောင့် တန်းစွာထိပေးပါ။

(၅) ခေါင်းငုံ့ပါ
အသက်ရှူထုတ်ရင်း ခန္ဓာကိုယ်ကို မတ်မတ်ထားကာ ရှေ့သို့ ကွေးလိုက်ပါ။ တကယ်လို့ လိုအပ်ရင် ဒူးကွေးလိုက်ပါ။

(၆) ညာခြေကို နောက်ဘက် ဆုတ်ပေးပါ
အသက်ရှူသွင်းရင်း မြေ ပြင်ပေါ်လက်ထောက်ကာ ညာခြေထောက်ကို နောက်ဘက် ညင်ညင်သာသာ ဆုတ်ပေးပါ။ ပြီးရင် အသက်ရှူထုတ်လိုက်ပါ။

(၇) ကိုယ်တစ်ဝက် ကိုင်းပါ
အသက်ရှူသွင်းရင်း ခါးကို ဆန့်ထားတဲ့ အနေအထားနဲ့ ခန္ဓာကိုယ်ကို တစ်ဝက်ကိုင်းပါ။ လက်တွေကို ခြေချောင်းတွေဆီ ဖြောင့်တန်းစွာ ထိပေးပါ။

(၈) ခေါင်းငုံ့ပါ
အသက်ရှူထုတ်ရင်း ခန္ဓာကိုယ်ကို မတ်မတ်ထားကာ ရှေ့သို့ ကွေးလိုက်ပါ။ တကယ်လို့ လိုအပ်ရင် ဒူးကွေးလိုက်ပါ။

(၉) လက်မြှောက်ပါ
အသက်ရှူသွင်းပြီး လက်တွေကို ခေါင်းပေါ်မြှောက်လိုက်ပါ။

(၁၀) မတ်မတ်ရပ်ပါ
ပေါင်ဘေးတစ်ဖက်တစ်ချက် စီမှာလက်နှစ်ဖက်ချပြီး လက်ဖဝါးတွေကို ရှေ့ဘက်ဖြန့်ထားပါ။ ဒီအနေအထားမှာ အသက်ပြင်းပြင်း ရှူသွင်းပေးပါ။

(၁၁) တစ်ကိုယ်လုံးအနားယူပါ
လေ့ကျင့်ခန်းပြီးချိန်မှာ တစ်ကိုယ်လုံးကို ဖြေလျှော့အနားပေးရမှာ ဖြစ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ ပက်လက်လှန်အိပ်ကာ လက်နှစ်ဖက်ကို ဘေးမှာ ဆန့်တန်းပေးပါ။ မျက်စိတွေကို မှိတ်ပြီး အသက်ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ဆောင်ပေးပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top