Healthy Life Ad
Health Tips

ဘဝနေထိုင်မှု နည်းလမ်းကောင်း ၇ ရပ်

(၁) ပြီးခဲ့တဲ့ အတိတ်ကာလနဲ့ ငြိမ်းချမ်းရေးယူပါ။ ခါးသီးတဲ့ အတိတ်ကာလအကြောင်း တွေးဆွေးရင်း တန်ဖိုးရှိလှတဲ့ လတ်တလော အချိန်ကာလကို မဖြုန်းတီးသင့်ပါဘူး။

(၂) တခြားသူတွေ သင့်ကို ဘယ်လိုပဲထင်ထင်၊ ကိုယ့်ယုံကြည်ချက်အတွက် ကြိုးစားနေချိန်မှာဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုပါဘူး။

(၃) အရာရာအားလုံးနီးပါးကို အချိန်က ကုစားသွားပါလိမ့်မယ်။ အချိန်ပေးပါ၊ အချိန်ယူပါ။ အဲဒီကာလအတွင်း သည်းခံစိတ်ရှည်ပါ။

(၄) သင့်ပျော်ရွှင်မှုအတွက် တာဝန်အရှိဆုံးသူက သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဘယ်သူ့အတွက်နဲ့မှ ပျော်ရွှင်မှုကို အထိခိုက်မခံပါနဲ့။

(၅) သင့်ဘဝကို တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ သူတို့ရဲ့ ခရီးလမ်းက သင့်ခရီးလမ်းနဲ့ မတူပါဘူး။

(၆) ဘာကိုမှ အတွေးမလွန်ပါစေနဲ့။ အဖြေအားလုံး မသိလည်း အဆင်ပြေနိုင်တာပါပဲ။

(၇) ပြုံးပါ၊ ပြုံးဖြစ်အောင် ပြုံးလိုက်ပါ။ ကမ္ဘာပေါ်က ပြဿနာတွေအားလုံး သင့်တစ်ယောက်တည်းဆီမှာပဲရှိတာမှ မဟုတ်တာ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top