Healthy Life Ad
Health Tips

လက်တံတောင် ညိုမည်းခြင်း ကင်းစေမည့် သဘာဝ အိမ်တွင်းကုထုံးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

– နနွင်းမှုန့်
နနွင်းမှုန့်က အရေပြားစိုပြည်ဖို့နဲ့ အနာကျက်ဖို့အတွက် အသုံးဝင်ပါတယ်။ နနွင်းမှုန့်ကို နွားနို့နဲ့ရောပြီး ရလာတဲ့ အရောအနှောကို လက်တံတောင် ဆစ်ပေါ်သုတ်လိမ်းပြီး မိနစ်အနည်းငယ်လောက် ထားပေးပါ။ ပြီးမှ ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးကြောချ လိုက်ပါ။ တံတောင်ဆစ်ဖြူလာတဲ့အထိ တစ်ရက် ခြားတစ်ကြိမ် လုပ်ပေးသင့်ပါတယ်။

– သံလွင်ဆီနှင့် သကြား
သံလွင်ဆီက အစိုဓာတ်ထိန်းခရင်မ်အဖြစ် အသုံးဝင်သလို သကြားက ကြေးချွတ်ပစ္စည်းအဖြစ် ထိရောက်မှု ရှိပါတယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ သကြားနဲ့ သံလွင်ဆီကို ဆတူရောကာ ရေချိုးပြီးချိန်မှာ တံတောင်ဆစ်ပေါ်သုတ်လိမ်းလိုက်ပါ။ ပြီးရင် အချိန် ၅-၁၀ မိနစ်လောက် နှိပ်ပေးပါ။ ပြီးမှ ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးကြောလိုက်ပါ။ အဲဒီအရောအနှောထဲ ကော်ဖီစေ့ထည့်မွှေပြီး လိမ်းကာ ခြောက်သွားရင် ဘရိတ်ဓားနဲ့ အနည်းငယ် ခြစ်ပေးလိုက်ပါက လက်တံ တောင်ညိုမည်းမှု သက်သာစေပါတယ်။


– ဆော်ဒါမှုန့်
ဆော်ဒါမှုန့်ဟာ အရေပြားဖြူဝင်းကာ ကြေးကျွတ်စေတဲ့ အစွမ်းရှိပါတယ်။ ဆော်ဒါမှုန့်နဲ့ နွားနို့ကို ဆတူရောမွှေပြီး လက်တံတောင်ဆစ်ပေါ် လိမ်းကာ အချိန် ငါးမိနစ်ခန့် နှိပ်နယ်ပေးပါ။ ပြီးမှ အပျော့စား ဆပ်ပြာတိုက်ပြီး ရေအေးနဲ့ ဆေးကြောချလိုက်ပါ။ လက်တံတောင် ဖြူဝင်းလာတဲ့အထိ တစ်ရက်ခြား တစ်ကြိမ် လုပ်ပေးပါ။

– ရှားစောင်းလက်ပပ်အနှစ်သား
ရှားစောင်းလက်ပပ်အနှစ်သားက နေဒဏ်ကြောင့် လက်တံတောင်ညိုမည်းခြောက်သွေ့မှုကို လျော့ပါးစေပါတယ်။ ရှားစောင်းလက်ပပ်အနှစ်သားကို လက်တံတောင်ဆစ်ပေါ် သုတ်လိမ်းပြီး နာရီဝက် အကြာမှာ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

– သံပရိုသီး
သံပရိုသီးမှာ အရေပြား ဖြူဝင်းစေပြီး ကြေးချွတ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး လက်တံတောင်ဆစ်ပေါ် သုတ်လိမ်းပေးပါ။ ရေချိုးပြီးချိန်တိုင်း သံပရိုသီးနဲ့ ပွတ်ပေးကာ ၁၅-၃၀ မိနစ်လောက် ထားပေးပါ။ လက်တံတောင် ဖြူချင်ရင် ပျားရည် သုတ်လိမ်းပေးလိုက်ပါ။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top