Healthy Life Ad
Health Tips

အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ၅၃ ရာခိုင်နှုန်း လျော့ကျစေမည့် အစာစားနည်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ချီကာဂိုဆေးစင်တာရဲ့ လေ့လာသူတွေက နှစ်နှစ်ကြာလေ့လာခဲ့တဲ့အခါ အောက်ပါ အစာစားနည်းဟာ ဦးနှောက်ကို နည်းလမ်းနှစ်မျိုးနဲ့ အကျိုးပြုတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ပြည့်ဝဆီ၊ ကယ်လိုရီ ပါဝင်မှုမြင့်မားတဲ့ အစာတွေကို တတ်နိုင်သမျှ လျှော့ချပြီး အာဟာရတန်ဖိုးမြင့်မားတဲ့ အစာတွေကို များများ စားပေးရင် ဦးနှောက်ကို အကူအညီ ဖြစ်စေပါတယ်။ ဒီအစာတွေ စားရင် ထိပ်တန်းအာဟာရဓာတ်တွေအနေနဲ့ ရရှိမှာတွေကတော့ ဗီတာမင်အီး၊ ဗီတာမင်ဘီ၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်၊ ကာရိုတီးနွိုက်၊ လူတိန်းနဲ့ ဖလေဗနွိုက်ဓာတ်တွေ ဖြစ်ပါတယ်။

စားပါ

တစ်ပတ်မှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ခြောက်ကြိမ်နဲ့ အထက်စားပါ။ (တစ်နေ့ အနည်းဆုံး တစ်ကြိမ် စားတာနဲ့ ညီမျှပါတယ်)

နေ့တိုင်း ဟင်းသီးဟင်းရွက်ကို အနည်းဆုံး တစ်ကြိမ် စားပေးပါ။

တစ်ပတ်မှာ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး ဒါမှမဟုတ် စပျစ်သီးကို နှစ်ကြိမ်ထက် ပိုစားပါ။

တစ်ပတ်မှာ အခွံမာသီးနဲ့ အစေ့အဆန် ငါးကြိမ်ထက် ပိုစားပေးပါ။

အဓိက ဟင်းချက်ဆီအဖြစ် သံလွင်ဆီ စစ်စစ်သုံးပါ။

နေ့တိုင်း ကောက်နှံတစ်ခုလုံးစာ (ဥပမာ ဆန်လုံးညို၊ ပေါင်မုန့်ညို၊ ခေါက်ဆွဲညို)ကို သုံးကြိမ်ထက် ပိုစားပါ။

တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ်ခန့် ငါးစားပေးပါ။

တစ်ရက်ခြားဆိုသလို ပဲစားပေးပါ။

လျှော့စားပါ

နေ့တိုင်း ထောပတ် မစားပါနဲ့။

ဒိန်ခဲကို တစ်ပတ်တစ်ကြိမ်ထက် လျှော့စားပါ။

အနီရောင်အသားကို တစ်ပတ်မှာ လေးကြိမ်အောက် လျှော့စားပေးပါ။

ဆီကြော်စာနဲ့ အမြန်စာတွေကို တစ်ပတ်မှာ တစ်ကြိမ်လောက် မစားသင့်ပါဘူး။

အချိုစာတွေနဲ့ အဆီအအိမ့်စာတွေကို တစ်ပတ်မှာ ငါးကြိမ်အောက် လျှော့စားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top