Healthy Life Ad
Q & A

ဂရင်ဂျီနာကို ဆေးနဲ့ ကုလို့ရမလား . .

ပါမောက္ခဦးအေးမွန်(ခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

မေး ။ ။ ဂရင်ဂျီနာက ဘာရောဂါလဲ၊ ဘယ်နေရာမှာ ဖြစ်ပြီး ဖြစ်ရင်လည်း မခွဲစိတ်ဘဲ သောက်ဆေးနဲ့ ထိုးဆေးတွေပေးပြီး ကုလို့ မရဘူးလား။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ဖြေ ။ ။ ဂရင်ဂျီနာလို့ အများသိတဲ့ ရောဂါကို Fistula in ano ၊ အတိုအားဖြင့် FIA လို့ ခေါ်ပါတယ်။ စအိုဝန်းကျင်တစ်ဝိုက်မှာ ဖြစ်ပါတယ်။ စအိုအတွင်းဖက်နဲ့ စအိုဝန်းကျင် အရေပြား တူးမြောင်းလို ဆက်မိသွားတာ ဖြစ်ပါတယ်။ဖြစ်ရတဲ့ အဓိက အကြောင်းကတော့ ပိုးတွယ်ပြီး ပြည်တည်နာဖြစ်တာပါ။ စအိုအတွင်းနဲ့ အဲဒီလမ်းကြောင်းကတစ်ဆင့် အကျိအချွဲ၊ ပြည်နဲ့ သားနံရည်တစိုစိုထွက်နေတာဖြစ်ပါတယ်။

ဆေးထိုး၊ ဆေးသောက်တာနဲ့တော့ ပိုးတွယ်တာ၊ ကိုက်ခဲနာကျင်တာ၊ ပြည်ရွှဲတာကို ယာယီသက် သာစေနိုင်ပါတယ်။ လုံးဝ ကင်းစင်ပျောက်ဖို့ကတော့အဲဒီလမ်းကြောင်း တူးမြောင်းတစ်ခုလုံး မရှိမှ၊ အဆက်အသွယ်ဖြတ်မှ ဖြစ်မှာပါ။ ဒါကြောင့် ခွဲစိတ်ကုသမှ လုံးဝ ပျောက်ကင်းပါမယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top