Healthy Life Ad
Health Tips

ဆီးကျိတ်ကင်ဆာအတွက် အရေးပါသည့် ချင်း(ဂျင်း)

၊ ကိုမိုး ၊

ဆီးကျိတ်ကင်ဆာက အမျိုးသားတွေမှာ အဖြစ်များဆုံး ကင်ဆာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဆီးကျိတ်ကင်ဆာကို အစောပိုင်းအဆင့်တွေမှာ တွေ့ရှိရင် အောင်မြင်စွာကုသနိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာ အစောဆုံးအဆင့်မှာ တွေ့ရှိရတဲ့ အမျိုးသားအများစုဟာ –

ဆီးကျိတ်ကင်ဆာက ဆီးကျိတ်ဂလင်းမှာ ဖြစ်တဲ့အခြေအနေပါ။ ဆီးကျိတ်ကင်ဆာ အစောပိုင်းအဆင့်မှာ လက္ခဏာ မပြတတ်တဲ့အတွက် အစောပိုင်းအဆင့်မှာ တွေ့ရှိဖို့ခက်ပါတယ်။ အဆင့်မြင့်တဲ့ အခါကျမှ သုက်ရည်ထဲ သွေးပါတာ၊ ဆီးသွားရ ခက်ခဲတာ၊ ဆီးသွားတဲ့ အားလျော့ကျတာ၊ ပန်းသေပန်းညှိုးရောဂါခံစားရတာ၊ တင်ပဆုံတွင်းနေရာမှာ နာကျင်ပြီး မသက်မသာဖြစ်တာတို့ ခံစားရတတ်ပါတယ်။

အသက်ကြီးလေလေ၊ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများလေလေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဆီးကျိတ်ကင်ဆာ ဒါမှမဟုတ် ရင်သားကင်ဆာမျိုးရိုးရှိတာက ဖြစ်နိုင်ခြေရှိတဲ့ အချက်တစ်ခုပါပဲ။ ဆီးကျိတ်ကင်ဆာ အဆင့်မြင့်တက်မှုကို ထိထိရောက်ရောက် လျှော့ချနိုင်ဖို့ ချင်း(ဂျင်း)က အသုံးဝင်ပါတယ်။ ချင်း(ဂျင်း)ဟာ အစာမကြေတာ၊ ပျို့ချင်အန်ချင်တာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ ရာသီအကြိုဝေဒနာခံစားရတာ၊ အအေးမိတာ၊ ချောင်းဆိုးတာ၊ တုပ်ကွေးဖျားတာ၊ အဆစ်နာတာတွေကို သက်သာစေရုံသာမက ဆီးကျိတ်ကင်ဆာကိုလည်း လျော့ပါးစေပါတယ်။

မီချီဂန်တက္ကသိုလ်ရဲ့ ကင်ဆာလေ့လာမှု တစ်ခုအရ ကင်ဆာနဲ့ ချင်း(ဂျင်း) ဆက်စပ်မှုကို လေ့လာခဲ့တဲ့အခါ ချင်းမှုန့်စားတာက ကင်ဆာဆဲလ်တွေကို လျော့ပါးစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဗြိတိန်အာဟာရဂျာနယ်ရဲ့ လေ့လာမှုအရ နေ့စဉ် ချင်း (ဂျင်း) စားတာက ဆီးကျိတ်ကင်ဆာဆဲလ် ပမာဏကို ၅၆ ရာခိုင်နှုန်း လျော့ကျ စေတယ်လို့ သိရပါတယ်။ တချို့လေ့လာမှုတွေအရ ချင်း(ဂျင်း)စားပေးရင် သားဥအိမ်ကင်ဆာကိုပါ ထိထိရောက်ရောက် တွန်းလှန်ပေးတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top