Healthy Life Ad
Health Tips

ချင်း(ဂျင်း)နှင့် ကင်ဆာ

လေ့လာမှုအမျိုးမျိုးအရ ချင်း(ဂျင်း)က ကင်ဆာ အထူးသဖြင့် အဆုတ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ အူမ ကြီးကင်ဆာ စတာတွေကိုတွန်းလှန်ရာမှာ အားပေးကူညီတယ်လို့သိရပါတယ်။ ချင်းက သားဥအိမ်ကင်ဆာဆဲလ်တွေကို သေစေတယ်လို့ မစ်ချီဂန်တက္ကသိုလ်မှ လေ့လာသူတွေကဆိုပါတယ်။ အကြောင်းကတော့ ချင်းမှာပါတဲ့ ဂျင်ဂျီရောဒြပ်ပေါင်းက ကင်ဆာဆဲလ်ဟန့်တားတဲ့ အစွမ်းသတ္တိရှိလို့ပါပဲ။

ချင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။ ဒါကြောင့် ကင်ဆာကို ကာကွယ်ရာမှာ ချင်းဟာငွေကုန်ကြေးကျ သက်သာပြီး အထိရောက်ဆုံး နည်းတစ်ခုဖြစ်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။

ချင်းနှင့် ကင်ဆာဆေးသွင်းကုထုံး

ကင်ဆာဆဲလ်တွေ ကင်းစင်ဖို့နဲ့ နောက်တစ်ခါ ကင်ဆာပြန်မဖြစ်စေဖို့ ကင်ဆာဆေးသွင်းကုထုံးကို ခံယူကြရပါတယ်။ ဒီအချိန်မှာ ခံစားရတဲ့ ပျို့ချင်အန်ချင်စိတ်ပေါ်တာ၊ ပျို့အန်တာတွေ မဖြစ်စေဖို့ ချင်းက အသုံးဝင် ထိရောက်ပါတယ်။ အမေရိကန် ကင်ဆာဆေးပညာအဖွဲ့မှ ဦးဆောင်လေ့လာသူ ဒေါက်တာဂျူလီရန်က ကင်ဆာလူနာ ၇၀ ရာခိုင်နှုန်းကျော်ဟာ ကင်ဆာဆေးသွင်းကုထုံး ခံယူပြီးချိန်မှာ ပျို့အန်တာနဲ့ ပျို့ချင်အန်ချင်စိတ်ပေါ်တာတို့ ခံစားရတယ်လို့သိရပါတယ်။ ဒီအချိန်မှာ ချင်း (ဂျင်း)စားပေးရင် ကိုယ်တွင်းရောင်ရမ်းမှု လျော့ကျတာကြောင့် ပျို့ချင်အန်ချင်တာကို သိသိသာသာ လျော့ပါးစေတာဖြစ်တယ်လို့ ပြောပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top