Healthy Life Ad
Q & A

စအိုဝဘေးက အဖုလုံး . . .

မေး ။ ။ ကျွန်တော်က အသက် ၆၀ ကျော် သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး သွေးမထွက်ဘဲ လက်နဲ့ စမ်းကြည့်ရင် စအိုဝဘေးမှာ ဖုလုံးတစ်လုံး ရှိပါတယ်။ အဲဒီဖုလုံးကို ဖိမိရင် နာသလို လမ်းလျှောက်တဲ့အခါမှာလည်း စပ်ဖျဉ်းဖျဉ်း ခံစားရပါတယ်။ အဲဒါ လိပ်ခေါင်းလား၊ အဲဒီလိုဖြစ်တဲ့ လိပ်ခေါင်းကို ပြင်းထန်တယ်လို့ သတ်မှတ်ရမှာလား၊ ဘာဖြစ်လို့ ဖြစ်ရတာပါလဲ၊ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ ရပါသလား၊ ဖြစ်ပြီးရင်လည်း အမြစ်ပြတ်အောင် ကုသလို့ လွယ်ပါသလား၊ဘယ်လို ကုသလို့ရပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ပါမောက္ခဦးအေးမွန်(ခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ ။ ။ စအိုဝဘေးမှာ ဖြစ်တဲ့ အဖုလုံးလို့ ပြောရင် ဖြစ်နိုင်တာတွေက အများကြီးပါပဲ။ လိပ်ခေါင်းလည်း ဖြစ်နိုင်တယ်၊ အဆီကျိတ်လည်း ဖြစ်နိုင်တယ်၊ ပြည်တည်နာလည်း ဖြစ်နိုင်တယ်၊ နောက်ဆုံး ပြောရရင်ကင်ဆာလည်း ဖြစ်နိုင်ပါတယ်။

စအိုဝဘေးမှာ ဖြစ်တဲ့ အဖုလုံးက ဘယ်လောက်ကြာပြီလဲ၊ စဖြစ်တုန်းက နာလား၊ တဖြည်းဖြည်း ကြီး လာတာလား၊ ဝမ်းသွားရင် ဘယ်လို ဒုက္ခပေးသလဲ၊သွေးပါလား/မပါဘူးလား၊ ဝမ်းချုပ်ပြီး ညှစ်နေရတာလား . . စတဲ့ အကြောင်းတွေကို လူနာကို မေးမြန်းရပါတယ်၊ ပြီးရင် လူနာကို ဗိုက်လည်း စမ်းရမယ်၊ စအိုလည်း စမ်းရမယ်၊ ပေါင်ခြံမှာ အကျိတ်ရှိလား ဆိုတာလည်း မေးရမယ် . .အဲဒီလို စမ်းသပ်ကြည့်ပြီးမှ ပြောနိုင်ပါတယ်။

ဒီအတိုင်းကတော့ ဘာဖြစ်တယ်လို့ပြောလို့မရပါဘူး။စအိုဘေးမှာ အဖုလုံးဖြစ်ရင် အဖြစ်များဆုံးကတော့ လိပ်ခေါင်း ဖြစ်နိုင်ပါတယ်၊ စအိုပြည်တည်နာဆိုရင်အရမ်းနာမှာပါ၊ အဖျားလည်း တက်နိုင်ပါတယ်၊လိပ်ခေါင်းကတော့ ဆရာဝန်တွေ စမ်းသပ်ကြည့်ရှုလိုက်ရင် ချက်ချင်း သိနိုင်ပါတယ်။ အခု မေးတဲ့ မေးခွန်းအရတော့ ဘာဖြစ်တယ်ဆိုတာ ဖြေရခက်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top