Healthy Life Ad
Q & A

ဟင်းရွက်ကို ကြော်စားတာကောင်းသလား၊သုပ်စားတာ ကောင်းသလား

မေး ။ ။ ဟင်းရွက်တွေကို သုပ်စားတာနဲ့ ကြော်စားတာမှာဘယ်လိုစားရင် ကျန်းမာရေးနဲ့ ပိုညီညွတ်ပါသလဲ။ ဘယ်လိုစားရင် အာဟာရဓာတ် ပိုရနိုင်ပါသလဲ။ ဥပမာ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်။
ဒေါ်မေမြင့်၊ ဘောက်ထော်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ ။ ။ ဟင်းရွက်တွေကို စားရတဲ့ အဓိက ရည်ရွယ်ချက်က အမျှင်ဓာတ် ( Fiber ) ရချင်တာနဲ့ ဗီတာမင်ဓာတ်တွေရချင်တာကြောင့် ဖြစ်ပါတယ်။ ဒီတော့ ဟင်းရွက်တွေကို ကြော်တာထက် သုပ်စားတာက ကျန်းမာရေးနဲ့ ပိုညီညွတ်မှုရှိပါတယ်။

ဟင်းရွက်တွေကိုရေနွေးနဲ့ ဖျောပြီး သုပ်စားတဲ့အခါ သံလွင်ဆီလေးနည်းနည်းထည့်၊ ဒါမှမဟုတ် နှမ်းဆီ နည်းနည်းထည့်သုပ်မယ်၊ နှမ်းမှုန့်၊ မြေပဲမှုန့်ထည့်သုပ်မယ်ဆိုရင်ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။

ဟင်းရွက်တွေကို ကြော်လိုက်တဲ့အခါမှာတော့ခဏလေးကြော်လိုက်ရင် ဗီတာမင်တွေ မဆုံးရှုံးသွားပါဘူး။ ဒါပေမဲ့ အရွက်တွေ အစိမ်းရောင်ပျောက်တဲ့အထိ ကြော်လိုက်ရင်တော့ ဗီတာမင်တွေ အနည်းအကျဉ်း ဆုံးရှုံးသွားတတ်ပါတယ်။ ဒါပေမဲ့ အရွက်တွေကို စားတဲ့အခါမှာ ဘယ်လိုပဲ ဗီတာမင်တွေ ဆုံးရှုံးသွားပါစေ၊ အမျှင်ဓာတ်ကတော့ ကျန်နေသေးတာပါပဲ။

အမျှင်ဓာတ်ရဲ့ ကျန်းမာရေးကောင်းကျိုးကို ရရှိနေတာပဲ ဖြစ်တဲ့အတွက် အသီးအရွက်တွေကိုတော့ စားဖြစ်အောင် စားပေးသင့်ပါတယ်။ကန်ဇွန်းရွက်ကြော်နဲ့ ကန်ဇွန်းရွက်သုပ်ဆိုရင်ကန်ဇွန်းရွက်ကြော်က ပိုစားလို့ ကောင်းပေမယ့်ဟင်းနုနယ်ရွက်ကျတော့ သုပ်စားတာက ပိုစားလို့ကောင်းပါတယ်။ ဟင်းနုနယ်ရွက်က ကြော်လိုက်ရင်မည်းသွားတတ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top