Healthy Life Ad
Health Tips

ကညွတ်စားရင် ဘယ်လို ကျန်းမာရေးကောင်းကျိုးတွေ ရနိုင်သလဲ . . .

ကညွတ်ကို နည်းလမ်းမျိုးစုံနဲ့ စားလေ့ရှိပြီး ကျွန်မတို့ မြန်မာလူမျိုးအများစုကတော့ ပုဇွန်ခြောက်နဲ့ ကြော်စားလေ့ရှိကြပါတယ်။ တကယ်တော့ ကညွတ်ကို မီးကင်စားရင်၊ ပြုတ်စားရင်လည်း အရသာရှိလှပါတယ်။ ကညွတ်မှာ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့အတွက် အောက်ပါ ကျန်းမာရေး ကောင်းကျိုးတွေကို ရရှိစေပါတယ်။

– အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးစေပါတယ်
ဖရီးရယ်ဒီကယ်က အိုမင်းတဲ့သဘာဝဖြစ်စဉ်ကို မြန်စေပါတယ်။ ကညွတ်စားပေးရင် ဂလူတာသိုင်းအုန်းဆိုတဲ့ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့အတွက် အိုမင်းမှုဖြစ်စဉ်ကို ဟန့်တားပေးပါတယ်။

– မျက်စိနဲ့ အရေပြား ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ကညွတ်မှာပါဝင်တဲ့ အဓိက အာဟာရဓာတ်က ဘီတာကယ်ရိုတင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲ ရောက်ရှိချိန်မှာ ဘီတာကယ်ရိုတင်းဟာ ဗီတာမင်အေအဖြစ် ကူးပြောင်းသွားတဲ့အတွက် မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဗီတာမင်အေက အရေပြားနဲ့ ကိုယ်ခံအားစနစ်ကိုလည်း ကျန်းမာစေပါတယ်။

– ပိုတက်ဆီယမ်ပါဝင်တဲ့အတွက် အဆိပ်အတောက်တွေ ပြေစေနိုင်ပါတယ်

ကညွတ်ထဲမှာပါတဲ့ ပိုတက်ဆီယမ်က သင့်ခန္ဓာကိုယ်ထဲက ဆိုဒီယမ်အပိုတွေနဲ့ တခြား အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ကညွတ်ထဲမှာပါတဲ့ အမျှင်ဓာတ်က အစာအိမ်အူလမ်းကြောင်းတစ် လျှောက် အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

– ရောင်ရမ်းမှုကို လျော့ကျစေပါတယ်
သင့်ခန္ဓာကိုယ်က ကူးစက်ပိုးတစ်ခုတွန်းလှန်ချိန်မှာ ရောင်ရမ်းမှုဖြစ်ပေါ်တတ်ပါတယ်။ နေ့စဉ် ကညွတ်စားပေးရင် နာတာရှည်ရောင်ရမ်းမှုမဖြစ်အောင် ရှောင်ရှားနိုင်ပါတယ်။

– အရိုးတွေကို သန်စွမ်းစေပါတယ်
ကညွတ်မှာ ဗီတာမင်ကေ ပါဝင်တဲ့အတွက် ကယ်လ်ဆီယမ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ ကယ်လ်ဆီယမ်က အရိုးတွေကို သန်စွမ်းကျန်းမာစေတာကြောင့် ကညွတ်စားပေးရင် အရိုးပါးရောဂါနဲ့ အရိုးအဆစ်ရောင်ရမ်းမှုဖြစ်နှုန်း လျော့ကျစေပါတယ်။

– နှလုံးကျန်းမာစေပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သင့်တော်ပါတယ်
ကညွတ်မှာပါဝင်တဲ့ အမျှင်ဓာတ်က နှလုံးသွေးကြောစနစ်ကို ကောင်းကျိုးပြုပါတယ်။ အကြောင်းကတော့ ကညွတ်စားရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး သွေးဖိအားကို ထိန်းညှိပေးလို့ပဲဖြစ်ပါတယ်။ ကညွတ်မှာပါတဲ့ ဖောလစ်အက်ဆစ်က နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကညွတ်ကို စားသင့်ပါတယ်။ အကြောင်းကတော့ ဖောလစ်အက် ဆစ်ပါဝင်တဲ့အတွက် သန္ဓေသားမှာ မွေးရာပါ ချို့ယွင်းချက်မပါအောင် ကာကွယ်ပေးနိုင်လို့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top